The Little Things

3.1K 191 0
                                    

Luhan တစ်ယောက်အသိဥာဏ်မဲ့သွားသကဲ့သို့ခံစားလိုက်ရသည် သူ့ရှေ့က Oh Sehun ၏မျက်လုံးများအားသူလိုအပ်သည်ထက်ပို၍ကြည့်နေမိသည်

သူအကြည့်များအား Oh Sehun သတိထားမိသော်လည်း သူ့အားဘာမှမတုန့်ပြန်ချေ သူ Luhan လက်အားလှမ်းဆွဲလိုက်သောအခါတွင်မှ Luhan အကြည့်များရပ်တန့်သွားသည်

Luhan လက်ထဲသို့အနီရောင်ပတ္တမြားပုံသော့ချိတ်လေးအားထည့်ပေးလိုက်သည်

"သေချာသိမ်းထားလေ"

"အော် အင်း"

Luhan တစ်ယောက်မျက်နှာတွေနီမြန်းလာသောကြောင့် Sehun အကြည့်အားရှောင်လွှဲကာသူခေါင်းငုံ့ထားလိုက်သည် သူ Sehun ရှေ့ကထွက်သွားမည်အပြု Sehun အားတွန်းမိသလိုဖြစ်သွားသည်

"ဆ-ဆောရီး ငါ-ငါကဒီအတိုင်း-"

Sehun Luhan မေးစေ့အားကိုင်ကာခေါင်းကိုမော့လိုက်သောကြောင့် Luhan စကားလုံးများရပ်တန့်သွားသည်

Sehun ၏ စူးစူးရဲရဲအကြည့်များကြား Luhan တစ်ယောက်တကိုယ်လုံးအေးခဲသွားသည်

"ဘ-ဘာဖြစ်လို့လဲ?"

"မင်း"

"မ-မင်း ဘာလုပ်-?"

Luhan တစ်ယောက်သူ့နှုတ်ခမ်းပေါ်သို့ Sehun လက်ချောင်းရောက်လာသောအထိအတွေ့ကိုခံစားလိုက်ရသောကြောင့်ပြောလက်စစကားလုံးများပင်နင်သွားသည်

Sehun ကတော့သူ့ညာဖက်လက်မကိုအသုံးပြုကာ Luhan ၏အောက်နှုတ်ခမ်းကိုအားအနည်းသုံးကာပွတ်သပ်လိုက်သည်

"မင်း ဘာလုပ်တာလဲ?"

Sehun သူလက်မကို Luhan နှုတ်ခမ်းမှခွာကာ Luhan မျက်နှာရှေ့တွင်ပြလိုက်သည် သူ့လက်မတွင်သွေးများပေနေလေသည်

"မင်းနှုတ်ခမ်းကိုကိုက်ထားတာလား?"

"ငါကလေ?"

ပြောရင်း Luhan တစ်ယောက် Sehun လက်ကိုဆွဲယူကာကြည့်လိုက်သည် ဟုတ်ပါသည် Sehun လက်တွင်ပန်းနုရောင်သွေးများအနည်းငယ်ပေနေလေသည်

"ငါလုပ်ခဲ့တယ်ထင်တာပဲ ဒါနဲ့ ညစ်ပတ်တာပေါ့"

Sehun လက်မအား သူ့ရှပ်အင်္ကျီအနားဖြင့်သုတ်ပေးလေသည် Sehun ကတော့ Luhan လုပ်သမျှကိုဘာမှမတုန့်ပြန်ဘဲသည်အတိုင်းသာနေလေသည်

Relationships With JuniorsTempat cerita menjadi hidup. Temukan sekarang