Ep.14

686 60 1
                                    

Starry Night
~~~

Unicode

"မင်းပြောတော့ ကွတ်ကီးလုပ်ပေးမယ်ဆို"

"နောက်ကျနေပြီမို့ မလုပ်ပေးတော့ပါဘူး"

"ဒါဆိုရင် မနက်ဖြန်လုပ်ပေးလေ"

"အချိန်အားရင် လုပ်ပေးပါ့မယ်"

"စကားကို ဘယ်လိုကြီး ပြောနေတာတုန်း"

"ပုံမှန်ပဲ ပြောတာပါ"

Taeyeonတစ်ယောက် ပန်းလဲရင်းနဲ့ ကုတင်ပေါ်ကနေ သူမကို မေးနေတဲ့ Jessicaကို ဖြေလိုက်သည်။ အရင်ဆို ချိုချိုသာသာ ပြောတတ်တဲ့သူမဆီမှ ဘောက်ဆက်ဆက် စကားတွေကြောင့် Jessica မေးလိုက်ခြင်း ဖြစ်သည်။

*ဒီကောင်မလေး တစ်ခုခုတော့ ဖြစ်နေပါတယ်*

"တကယ်လား? မင်းတို့ကို စိတ်ဆိုးနေတာလား?"

"မဟုတ်ပါဘူး။ ကျွန်မက မမလေးကို ဘယ်လိုလုပ် စိတ်ဆိုးနိုင်မှာလဲ"

"မင်းအသံက အရင်နဲ့ မတူတော့ဘူးလေ"

"အမြဲတမ်း ချိုချိုသာသာပြောရအောင် ကျွန်မက အစီအစဉ်တင်ဆက်သူလည်း မဟုတ်ဘူးလေ"

"Yah! စကားကို ကပ်ဖဲ့မပြောနဲ့လေ"

"တစ်ယောက်တည်း နေလို့ဖြစ်တယ်ဆိုရင် သွားလိုက်ပါဦးမယ်"

"ဘယ်...ဘယ်သွားမှာလဲ? ငါတစ်ယောက်တည်းနေလို့ ဖြစ်တယ်လို့ မင်းကိုမပြောရသေးဘူးလေ"

"အဲ့တော့ မမလေးက ဘာလုပ်ပေးစေချင်လို့လဲ"

"ဘာလုပ်ရင်ကောင်းမလဲ? စိတ်ဝင်စားစရာကောင်းတာ တစ်ခုခုလုပ်ပေးလေ"

"အဲ့ဒါမျိုး ကျွန်မ မလုပ်တတ်ပါဘူး"

"ဟာ..မင်းဘာဖြစ်နေတာလဲ၊ စကားပြောတာဘောက်ဆတ်ဆတ်နဲ့ အဲ့လိုဆို ငါနေရခက်တယ်"

"ဘာလို့ နေရခက်တာပါလဲ"

"ငါ...ငါက မင်းအလုပ်ရှင်လေ၊ ငါသဘောမကျရင် အလုပ်ထုတ်ပစ်လို့ရတယ်ဆိုတာ သိတယ်မလား"

"သိပါတယ်၊ မမလေး မကျေနပ်ရင် အခုထုတ်လိုက်လည်း ရပါတယ်၊ အလုပ်လက်မဲ့ဖြစ်သွားရင်တော့ အဆင်မပြေပေမယ့် အချိန်အပိုင်းအလုပ်တွေ ဝင်လုပ်ရင် ရပါတယ်"

Starry Night [Completed]Where stories live. Discover now