Ep.33

1K 74 3
                                    

Starry Night
~~~

Unicode

"အခုတလော ခရီးတွေဆက်တိုက် ထွက်နေရတယ်
ဆ်ို?"

Yoonaက Irene ရဲ့ရုံးခန်းထဲက ဆိုဖာမှာထိုင်ရင်း
ဆိုလိုက်သည်။

"ဟုတ်တယ်။ အဖေက နယ်ဘက်တွေမှာပါ ဆိုင်ခွဲတွေ
ဖွင့်နိုင်ဖို့ လုပ်နေတာ။ အဖေနဲ့ တွေ့ဖ်ို့လာတာလား?"

Irene က အလုပ်လုပ်ရင်း တန်းလန်းကို ချထားကာ
Yoonaထိုင်နေတဲ့ နေရာကိုလျှောက်လာသည်။

"မဟုတ်ဘူး။ ဒီဘက်က်ိုလာရင်း မမြင်ရတာကြာပြီ
ဖြစ်တဲ့ မျက်နှာလေးကိုကြည့်ဖို့ ဝင်လာတာ"

Irene ဖျော့တော့စွာပြုံးပြီး Yoonaဘေးမှာ ဝင်ထိုင်
သည်။

"မျက်နှာက ဘာဖြစ်တာလဲ? အလုပ်တွေ ပင်ပန်းလို့
လား? ဦးလေးကြီးက ကလေးကို အရမ်းခိုင်းနေတာပဲ"

Yoonaက သူမရဲ့မျက်နှာလေးကို ကိုင်ရင်း ချော့သလို
ပြောသည်။

"မဟုတ်ပါဘူး။ ညီမကိုက အလုပ်လုပ်ချင်လို့ပါ"

"တစ်ခုခုဖြစ်နေတာလား Irene-ah?"

"ဘာဖြစ်စရာရှိလို့လဲ Unnie ရယ်"

"မဖြစ်နိုင်တာ။ ဒီမျက်နှာလေးက ပုံမှန်ဆို ပန်းလေးလို
ပွင့်လန်းနေတတ်တဲ့ဟာ။ တစ်ခုခုတော့ ဖြစ်ထားတယ်
မဟုတ်လား?"

နှုတ်ဆိတ်နေတဲ့ သူမကို Yoona စိုးရိမ်လာသည်။

"Unnie ကို ပြောပြလို့ရပါတယ်။ ဒါက Wendyနဲ့ ဆိုင်နေလား?"

သူမ Wendyအပေါ် စိတ်ရှိနေတာကို Yoona
ရိပ်မိပြီးသားမို့ မေးလိုက်သည်။

"Wendy..."

"ဟုတ်နေတာပဲ။ Wendyကို သဘောကျနေတယ်
မဟုတ်လား?"

"သူ့ကို သဘောကျရုံမကလို့ ရူးလောက်အောင်ချစ်နေ
ရင်တောင် သူက ညီမကို ထားခဲ့နှင့်ပြီးပြီ"

"ဘယ်လို? ထားခဲ့တယ်?"

"ညီမ ဒါတွေပြန်မပြောချင်တော့ဘူး Unnie ရယ်"

"Irene-ah~Unnie က မင်းရဲ့အစ်မပဲလေ။
Unnie ကိုမှ မပြောရင် ဘယ်သူ့ကိုပြောမလဲ?"

အမှန်ပင် သူမလို တစ်ဦးတည်းသောသမီးအတွက်

ကျောင်းတတ်တုန်းက ခင်မင်ခဲ့သည့် Yoonaက အချိန်တွေကြာလာတာနဲ့အမျှ သူငယ်ချင်းတစ်ယောက် အစ်မတစ်ယောက်လိုမျိုးဖြစ်လာခဲ့သည်။ ဒါပေမယ့်
သူမက လျှို့ဝှက်တတ်တဲ့ မိန်းကလေးတစ်ယောက်
ဖြစ်ပြီး ပြဿနာတွေကို တစ်ယောက်တည်း ရင်ဆိုင် ဖြေရှင်းတတ်သည်။ မိဘတွေရဲ့ တင်းကျပ်တဲ့ စည်းမျဉ်း တွေနဲ့ ကြီးပြင်းလာရတဲ့ သူမက မပွင့်မလင်းနဲ့ အရာရာ ကိုတစ်ယောက်တည်းသာ ကြိတ်ခံစားတတ်သည်။
Yoona နဲ့ ဒီလောက်ရင်းနှီးတာတောင် အမြဲတမ်းပဲ သူမဆီမှာကန့်သတ်ထားတဲ့ တံခါးတစ်ချပ်က ရှိနေဆဲ
ပင်။

Starry Night [Completed]Where stories live. Discover now