Ep.42 (Final)

2.7K 123 22
                                    

Starry Night
~~~

Unicode

ခရစ်စမတ်နေ့မို့ နှင်းတွေဖုံးနေတဲ့ လမ်းရဲ့တစ်ဖက် တစ်ချက်ရှိ သစ်ပင်တွေမှာ ရောင်စုံမီးလုံးများဖြင့် လှပနေသည်။ Jungအိမ်တော်ထဲမှာလည်း အလုပ်သမားများစွာက ခြံဝန်းကို မီးလုံးများဖြင့် အလှဆင်နေကြသည်။

"ဝက်သစ်ချပင်ကြီးကို အလင်းဆုံးဖြစ်အောင် လုပ်မယ်နော်။ ကျန်ခဲ့တဲ့အပင်တွေ မရှိစေနဲ့"

Krystalနဲ့ Yoonaတို့က ခြံထဲတွင် အလုပ်သမားများကို မီးအလှဆင်ဖို့အတွက် ညွှန်ကြားနေသည်။ Taeyeon အမေနှင့် အဒေါ်ကြီးတို့ကလည်း စားဖိုဆောင်တွင် ညစာစားပွဲအတွက် စားဖိုမှူးတွေကို ဟင်းအမယ်တွေ မှာကြားနေသည်။

Taeyeonက အလုပ်သမားတွေကို အိမ်တော်ရဲ့ ဘေးဘက်မှာ အလှဆင်ဖို့ ပြောနေစဥ် Jessica ရောက်လာပြီး "မှန်လုံအိမ်ကိုလည်း မမေ့နဲ့နော်" ဟု​ ပြောသည်။

Taeyeonကပြုံးလျက် သူမရဲ့လက်တစ်ဖက်ကို လှမ်းကိုင်ရင်း  "ပြစရာရှိတယ်"လို့ ပြောပြီး မှန်လုံအိမ်ထဲကို ခေါ်သွားသည်။ အထဲရောက်တော့ မြင်ကွင်းကို ကြည့်လိုက်ပြီး  သူမ အံ့ဩသွားသည်။

Taeyeonက သူမ,မပြောခင်ကတည်းက မှန်လုံအိမ်ကို အလှဆင်ပြီးပြီဖြစ်သည်။ အစကတည်းက မှန်လုံအိမ်ထဲမှာ လမ်းလေးရှိပြီး ဘေးဘက်တွေမှာ ရောင်စုံပန်းတွေ ပွင့်လန်းနေသည်။  Taeyeonက ရှေ့တည့်တည့်က မှန်လုံအိမ်အဆုံးမှာရှိတဲ့ လမ်းလေးအဆုံးမှာ သူမတို့ စိုက်ထားတဲ့ သုံးရောင်ခြယ် နှင်းဆီပန်းအိုးလေးကို ခုံပုပေးပေါ် တင်ထားပြီး ပန်းအိုးအနောက်မှာ သူမတို့ ခါးလောက်ရှိတဲ့ အလှဆင်ပြီးသား ခရစ်စမတ်သစ်ပင်လေး တစ်ပင် ရှိနေသည်။

"ညဖက်ရောက်လို့ မီးဖွင့်လိုက်ရင် မှန်လုံအိမ်တစ်ခုလုံး လင်းသွားမှာ။ Sooyeonအခန်းထဲကနေ လှမ်းတောင် မြင်ရနိုင်တယ်"

Jessicaက ပျော်ရွှင်စွာ ပြုံးရင်း "ဘယ်အချိန်ကတည်းက ပြင်ဆင်ထားတာလဲ?"

"Sooyeonက အခုတလော Companyကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာမလား။ အဲ့ဒါကြောင့် ကိုယ့်ဘာသာ ပြင်ဆင်ထားတာ"

Starry Night [Completed]Unde poveștirile trăiesc. Descoperă acum