Ep.18

676 54 1
                                    

Starry Night
~~~

Unicode

Yoonaတို့ ပြန်ရောက်လာတော့ ညနေစောင်းနေပြီမို့ သူမတို့ကန်တော့ပွဲအခမ်းအနား ပြင်ဆင်ကြတယ်။ သူမတို့ အမည်းရောင်အင်္ကျီတွေကို ဝတ်ထားပြီးတော့ Jessicaနဲ့ Krystal က ကန်တော့ပွဲပြင်ဆင်ထားတဲ့ မိဘတွေရဲ့ ဓာတ်ပုံနှစ်ပုံရှေ့မှာ ရပ်နေပြီး ဦးညွတ်ကာ ကန်တော့လိုက်ကြသည်။

Yoonaနဲ့ Taeyeonတို့ကတော့ ဘေးမှာရပ်လျက် သူမတို့ကို ကြည့်နေသည်။

Jessicaကတော့ နေ့လယ်က အဝငိုထားတာမို့ ထပ်ငိုစရာမျက်ရည်လည်းမရှိတော့တာကြောင့် တည်ငြိမ်တဲ့ပုံစံပေါက်နေသည်။

Krystalကတော့ မျက်ရည်ကျချင်ပေမယ့် ကြိုးစားပြီး ထိန်းထားသည်။ သူမ ကလေးလို ထပ်မငိုချင်တော့ဘူးလေ။ သူမ င်ိုရင် သူမအစ်မ ဝမ်းနည်းမှာကြောင့်ပေါ့။

"Unnie တို့ ဒီနေ့အုတ်ဂူဆီသွားတာ အဆင်ပြေရဲ့လား"

"ပြေပါတယ်"

"Unnie ငိုသေးလား Taeyeon Unnie?"

Krystalက သူ့အစ်မကိုစရင်း Taeyeonကို မေးလိုက်သည်။

"အင်း...နည်းနည်းပေါ့" ပြောပြီး သူမရယ်လိုက်သည်။

"အခုတော့ Unnie မှာ ငိုရင်နှစ်သိမ့်ပေးမယ့်လူ ရှိသွားပြီပေါ့"

Krystalစကားကြောင့် Taeyeonပါးနှစ်ဖက် ပန်းရောင်သမ်းသွားသည်။

*အဲ့ကလေးဟာလေ မလွတ်မလပ်စကားတွေနဲ့ လူကိုစလိုက်ရမှ*

"Jung SooJung ပရမ်းပတာတွေပြောမနေနဲ့"

"ညီမလေးပြောတာမှားမယ်တော့ မထင်ပါဘူး"

"ပြောလေကဲလေပါလားနော်"

Krystalက တခစ်ခစ်ရယ်ရင်း သူ့အစ်မကိုစရတာ သဘောကျနေသည်။ Yoonaကတော့ အစသန်တဲ့ သူမကြောင့် Taeyeonကို အားနာနေလေသည်။

"Unnieတို့လည်း အပြင်သွားထားရတော့ ပင်ပန်းနေမှာ။ စောစောနားကြလေ"

"အင်း..Yoongတို့လည်း နားကြတော့"

"Good Night Unnieတို့"

Taeyeon သူမတို့ကိုပြုံးပြကာ Jessicaကိုတွဲပြီး အခန်းထဲပို့ပေးလိုက်သည်။ ကုတင်ပေါ်မှာ Jessicaကို စောင်ခြုံပေးလိုက်သည်။

Starry Night [Completed]Where stories live. Discover now