Ep.17

736 57 0
                                    

Starry Night
~~~

Unicode

"SooJung-ah~ အိပ်ပျော်နေပြီလား"

"SooJung-ah!"

Meetingက နည်းနည်းနောက်ကျမှပြီးတာကြောင့် ဟိုတယ်ရောက်ရောက်ချင်း သူမ ရေတန်းချိုးပြီးတော့ bathrob ဝတ်ကာ ကုတင်ပေါ်က Krystalဆီ လျှောက်သွားလိုက်သည်။

"အိပ်ပျော်သွားပြီလား"

သူမ ပြုံးလိုက်ကာ ကျောပေးပြီး အိပ်နေတဲ့ Krystal
ရဲ့ ဆံပင်လေးကို ပွတ်သပ်လိုက်တော့ ရုတ်တရက် Krystalဆီက ရှိုက်သံလေးထွက်လာသည်။

သူမ စိတ်ပူသွားကာKrystalကို ဖြည်းဖြည်းချင်း ဆွဲလှည့်လိုက်ပြီး

"SooJung ငိုနေတာလား"

အိပ်ပျော်နေပြီထင်ပေမယ့် မအိပ်သေးပဲ ငိုနေတဲ့ Krystalကို တွေ့လိုက်ရတော့ သူမ ရင်ထဲတင်းကြပ်သွားသည်။ သူမ Krystalမျက်နှာပေါ်မှ မျက်ရည်စက်လေးများကို လက်မနဲ့ အသာအယာသုတ်ပေးရင်း

"Yoon ရှိတယ်လေ .. မငိုပါနဲ့"

အချော့ခံရတဲ့ကလေးက ပိုငိုတယ်ဆိုသလို သူမ ပြောတော့မှ Krystalတစ်ယောက်ငိုချလိုက်သည်။

"Soojung-ah"

Yoona သူမရဲ့ဘေးမှာ ဝင်လှဲပြီး သူမကို ရင်ခွင်ထဲထည့်ကာ ကျောလေးကို ပုတ်ပေးလိုက်သည်။

"ဒယ်ဒီနဲ့ မာမီကို လွမ်းတယ်"

တကယ်ဆို သူမတို့သုံးယောက်လုံးက မိဘမရှိတော့သူများ ဖြစ်ပေမယ့် Krystalက အငယ်ဆုံးဆိုတော့ မျက်ရည်လွယ်သလို စိတ်လည်းပျော့သည်။ အဲ့ဒါကြောင့် သူမ ပိုစိတ်ပူနေရခြင်း ဖြစ်သည်။ စိတ်ထားနူးညံ့ပြီး မသန်မာသေးတဲ့ Soojungက ဒီရက်စက်တဲ့လောကကြီးကို ဘယ်လိုရင်ဆိုင်နိုင်မလဲ။ Jessicaကတော့ အကြီးပီပီ ခံစားချက်တွေကို မြိုသိပ်ပြီး နေနိုင်ပေမယ့် Krystalကတော့ အဲ့လိုမဟုတ်ဘူးလေ။

Director Jung က သူမကို နေရာကဖယ်စေချင်ပြီး Krystalကို ကုမ္ပဏီကို လွှဲယူစေချင်တာ။ Krystalဆိုရင် သူထိန်းချုပ်ရလွယ်တယ်လေ။ အဲ့ဒါကြောင့် သူမ Krystalကို လွှဲမပေးရသေးခင် Krystalကို ရင့်ကျက်ပြီး တာဝန်ယူနိုင်တဲ့လူတစ်ယောက် ဖြစ်စေချင်တာ။

Starry Night [Completed]Where stories live. Discover now