Part 1

1.3K 52 10
                                    

"ကျွန်တော် ခင်ဗျားနဲ့ လက်မထပ်နိုင်ဘူး "

ဒီလိုဆို ရိုင်းရာကျသွားမလား ။ သူ့စိတ်ထဲ ကိုယ့်ကို ရိုင်းတယ်လို့တော့ အထင်မခံနိုင်။

"ကျွန်တော် ခင်ဗျားနဲ့ လက်မထပ်ပါရစေနဲ့ "

သူဒီ့ထက် ယဉ်ကျေးအောင်ပြောချင်သေးသည်။

"ကျွန်တော် ခင်ဗျားနဲ့ လက်မထပ်နိုင်ပါဘူးဗျာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်လို့ပါ "

အာ့လိုဆိုလဲ အရမ်းအိုဗာဖြစ်လွန်းနေမလား။

Joong သူ့ရှေ့မှာ ရှိနေတဲ့ဒီကောင်လေးကို‌ ပြောဖို့ စကားတွေစဉ်းစားနေခြင်းသာ။
Nine kornchid ဆိုသောကောင်လေးတော်တော်ချစ်စရာကောင်းတာကိုတော့ သူဝန်ခံသည် ။ ဒါပေမဲ့ သူ့အပေါ်ခံစားချက် ရှိမနေတာတော့သေချာသည် ။ ကောင်လေးလို့သာ သူသုံးနှုန်းနေတာ ဒီပိစိလေးက သူ့ထက်အသက်ကြီးသည်တဲ့ အဘွားပြောပြထားလို့သူသိထားသည်။

ဒီကောင်လေးကိုပြောဖို့ စကား စဉ်းစားနေတာအခုဆို အချိန်အတော်ကြာပီ။
သူပြောတဲ့စကားကြောင့် ဒီကောင်လေးသူ့ကိုအထင်သေး လှောင်ပြောင်မှာကိုလည်း သူမဖြစ်ချင်။ကောင်လေးဘက်က သူ့မာနထိခိုက်သည် ထင်သွားမှာကိုလည်း မလိုလားပါ ။
သူ့ဘက်က ကြားရတာ အသင့်တော်ဆုံး ဖြစ်မယ့်ပေါ့ပေါ့ပါးပါးစကားတွေကိုသာ သူရွေးချယ်ချင်သည်။
"သူ့ကိုမြှောက်ပင့်ပြီး‌ေ့ပြာရင် ကောင်းမလား"

"အမှန်တိုင်းပြောရရင် ကျွန်တော့်တသက်မှာ ဒီလောက်ချစ်ဖို့ကောင်းပြီး စိတ်ထားလှတဲ့ကောင်လေးမျိုး မတွေ့ခဲ့ဖူးပါဘူး။ ခင်ဗျား ကျွန်တော်နဲ့သာလက်မထပ်ရင် ‌တလောကလုံးက လူတွေပျော်ကြမှာပါ ပြီးတော့ ခင်ဗျားလည်း တချိန်ကျရင် ကျွန်တော်နဲ့ လက်မထပ်ဖြစ်ခဲ့တာကို ဂုဏ်ယူ နေမှာသေချာပါတယ် ။ငါသိပ်ကံကောင်းခဲ့တာပဲလို့တွေးရင်း ခင်ဗျားပျော်နေမှာပါ ။"

တအားပေါတောတောဆန်သွားမလားမသိ။
သူ့အတွေးတွေ ယောက်ယက်ခပ်နေဆဲမှာပဲ nine ကတော့ ဖန်ခွက်ထဲက သံပရာရည်ကို ပိုက်တစ်ချောင်းနဲ့သောက်ကာ သူ့အား အကဲခတ်လျှက်ရှိသည်။

ဒီကောင်လေးရဲ့မျက်လုံးတွေမှာလေ ကြောက်ရွံ့နေတဲ့ အရိပ်‌အယောင်မျိုး လုံးဝမတွေ့ရတာအမှန်။စူးရှတောက်ပလွန်းသည်။ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ မျက်လုံးများသာ။

အချစ်ဆိုသည်မှာ / အခ်စ္ဆိုသည္မွာWhere stories live. Discover now