Part 4

475 42 14
                                    

Joong အဘွားရဲ့ စကားကို ဘယ်လို ဆင်ခြေပေးပြီး ငြင်းရင်ကောင်းမလဲဟု ‌ခဏစဉ်းစားကာ

"အဘွား ...P' nineကလေ နိုင်ငံခြားမှာပဲ အနေကြာလာတော့ မြန်မာ့ယဉ်ကျေးမှုတွေ ဘာတွေ သိပ်နားလည်မှာမဟုတ်ဘူး၊ခေတ်ရှေ့လည်းပြေးမှာပေါ့ ...ဒီအရွယ်တောင် ရောက်နေပြီဆိုတော့ ဟိုမှာ ကောင်လေးတွေနဲ့ ဒိတ်လုပ်တာတို့ ၊ဒီထက်ဆိုးရင် လစ်ဗင်းတူဂဲသားတို့ ဘာတို့...."

"ဟေ့...ဟေ့...တစ်ဖက်သားအကြောင်း သေချာမသိဘဲ ရမ်းပြောမနေနဲ့ ၊ဘွားက မြေးထက်တောင် ပိုစဉ်းစားတတ်သေးတယ် ၊nine ကဟိုမှာနေပေမယ့် သူ့အဘွားရဲ့ အုပ်ထိန်းဆုံးမမှုတွေနဲ့ ကြီးပြင်းလာတာ ...."

"သူ့ အဘွား ကိုယ်တိုင်က ခေတ်ရှေ့ပြေးနေတာလေ"

"မြေးက Pon ရဲ့ ဝတ်စားဆင်ယင်ပုံကိုကြည့်ပြီးပြောတာလား ၊လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်နဲ့၊ Pon ကခေတ်ရှေ့ပြေးတာ မဟုတ်ဘူး၊ခေတ်မီတာ ၊ခေတ်နဲ့ အညီ ဝတ်တတ် စားတတ်တာ ၊ မြန်မာစရိုက်ကိုလည်း မမေ့ဘူး ၊ သူ့သမီးကိုလည်း မြန်မာမိသားစုက ကောင်လေးနဲ့ ပဲ ပေးစားထားတာ ၊အခု သူ့မြေး nine ကိုလည် မြန်မာစာ ရေးတတ် ဖတ်တတ်အောင် ငယ်ငယ်ကတည်းက သူကိုယ်တိုင် သင်ပေးထားတာ၊မြန်မာဇာတ်ကားတွေ ကြည့်ခိုင်းတယ် ၊nine တို့က ဟိုမှာအနေကြာပေမယ့် မြန်မာ့စရိုက်နဲ့ လုံးဝ ကင်းကွာမနေဘူး ၊ ဘယ်ယောက်ျားလေးနဲ့ မှလည်း ဒိတ်မထွက်ဖူးဘူး .."

"သူ့ဘာသာထွက်လည်း ကိုယ်မြင်ရတာမှ မဟုတ်တာ ဘွားကလည်း..."

"Joong...မင်းဘာအကြောင်းပြချက်မှ မပေးနဲ့တော့ ...ဘွားပြောတာကိုသာ အေးအေးချမ်းချမ်း လက်ခံလိုက်တော့..."

ဘွားက သူ့ထုံးစံအတိုင်း ဇွတ်တရွတ်အမိန့်ချမှတ်သည်။

Joong မှာ လတ်တလော ဘယ်လိုဆုံးဖြတ်ချက် ချရမှန်း မသိဘဲ ဘွားသဘောကျ အလိုက်သင့်နေနေရသည် ။

နောက်တနေ့ Nine ကိုသွားခေါ်ကာ မြို့အနှံ့ ကားလျှောက်မောင်းရင်း နေရာသစ် ဆိုင်သစ် တွေ ကိုလိုက်လံပြသရသည်...။

သူနှင့်အတူ သွားလာရတာ ကျောမလုံလှပါ။
Joss သိလျှင် ပြဿနာတက်မှာ စိုးရသေးသည်။အတူသွားလာရင်း သူနှင့် လူကြီးချင်းသဘောတူ ထားသည့် ကိစ္စကို ဘယ်ကဘယ်လိုစငြင်းရင် ကောင်းမလဲ ဟုစဉ်းစားရသည်။ချက်ချင်းကြီး ငြင်းပြန်ရင်လည်း သူ့အပေါ် မငဲ့ညှာရာ ရောက်ဦးမည် ။သူနှင့်အတူသွားနေတုန်း Joss ဆီက ဖုန်းတွေ ဝင်ဝင်လာတတ်တာမို့ တိုးတိုးနှင့် တိတ်တခိုး လှည့်ပတ်ပြောနေရသည် ။joong သဘောထားကတော့ ဒီကိစ္စကို ကိုယ့်ဘာသာ အဆင်ပြေအောင်ဖြေရှင်းမည် ။ Joss ကို အသိမပေးတော့ဘူး ဟုစဉ်းစားထားပါသည်....။

အချစ်ဆိုသည်မှာ / အခ်စ္ဆိုသည္မွာWhere stories live. Discover now