Part 6

342 33 17
                                    

Unicode

Joss သူ့ရဲ့ ဆံပင်ကို တချက် သပ်တင်လိုက်ရင်း ပေါက်ကွဲတော့မည့်အလား joong ကို စွေစောင်းစောင်းကြည့်နေသည်။
Joong ကလည်း အခြေအနေကို ရိပ်မိစွာ မလှုပ်မယှက် ထိုင်နေမိသည်။ ပြီးမှ Joss ရဲ့ လက်လေးကို ဆုပ်ကိုင်လိုက် လေသည်။သို့သော် Joss က ကိုယ်ကိုနောက်ဆုတ်၍ ဆုပ်ကိုင်လာသည့် လက်ကို ဖျက်ခနဲ ရိုက်ချလိုက်သည်။

Joong က လက်ကို လေထဲတခါခါလုပ်ရင်း....
"အားလားလား.....ဘယ်လိုလုပ်လိုက်တာလဲ ညီရယ်"
"ရိုက်တာလေးနဲ့ နာသွားတာပေါ့"
"နာ‌တာပေါ့"
"လက်နဲ့ အရိုက်ခံရတာလေးနဲ့ အဲဒီလောက်နာနေရင် နှလုံးသားကိုအရိုက်ခံရတဲ့ ညီကရော"
"ကိုယ်...ရှင်းပြတာ နားထောင်ပေးပါ Joss ရယ်"
"ညီ သိထားတဲ့ ကိုယ့်အကြောင်းလေးတွေ အရင်နားထောင်ပေးပါဦးလား "

Joong သက်ပြင်း ခပ်လေးလေး ချကာ ညီ့ကိုသာငေးကြည့်နေလိုက်မိသည်။joss ကိုနိုင်အောင်သူပြောနိုင်မည်မဟုတ်။joss သာမက သူ့ပတ်ဝန်းကျင်က သူတွေကိုလည်းသူနိုင်အောင်ပြောန်ိုင်မှာမဟုတ်ပေ....ဥပမာ...ဘွားဘွား
ပြီးတော့ မကြာသေးခင်က တွေ့ဆုံခဲ့သော Nine kornchid ။။

"ကိုယ် အခုတလော ခပ်ချောချော လူတစ်ယောက်နဲ့ တွဲသွားတွဲလာ လုပ်နေတယ်ဆို
ညီပြောတာ ဟုတ်လား"
"Joss ရယ်....အဲဒါက....."
"ဟုတ်....မဟုတ် ပဲပြောပါ"
"မှန်တာတော့ မှန်ပါတယ် ...ဒါပေမယ့် ကိုယ် ရှုပ်နေတာ လုံးဝမဟုတ်ပါဘူးး"
"အကြောင်းပြချက်မလိုဘူးး...ညီပြောတာ နားထောင်ပေး ပြီးရင် ဟုတ်တယ် မဟုတ်ဘူး ပဲဖြေ..."
"ကန်တော်ကြီးထဲလည်း အစောကြီးလမ်းထလျှောက်တယ်ဆို"
"အဲဒါ အဘွားလည်းပါ......"
"တော်...."
Joss ကလက်ကာပြရင်းး

"အအိပ်သိပ်မက်တဲ့ကိုယ်က မနက်အစောကြီး ရွှေတိဂုံ ဘုရားကို သူနဲ့နှစ်ယောက်တည်းသွားတယ်ဆို..."
"မှန်ပါတယ်..."
"ကိုယ်သိရဲ့လား နေရာအနှံ့မှာ ညီ့ သူငယ်ချင်းတွေ အများကြီးရှိကြတယ် ၊ညီတို့မတွေ့ဖြစ်ကြရင်တောင် ဖုန်းနဲ့အဆက်အသွယ်တွေ ရှိကြတယ်
ကိုယ် ဘယ်သူနဲ့သွားတယ် ဘယ်နေရာသွားတယ် ဆိုတာ ဖုန်းနဲ့သတင်းတွေ ရပြီးသား
ကိုယ် သူနဲ့ Feel မှာ ဝင်စားနေတယ်ဆိုတာ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြောလို့ ညီသတင်းရထားပြီးသား။ အဲဒါကြောင့် အမှန်အတိုင်း ပြောမလားသိချင်လို့ ညီဖုန်းဆက်မေးတယ် ။ကိုယ်က ညာတယ် ။ ညီ လိုက်လာတုန်း ကိုယ်အရင်ရှောင်ထွက်သွားတယ်
အဲဒါရော‌ ဟုတ်ရဲ့လား"
"ကိုယ်က ကိစ္စတွေမကြီးစေချင်လို့ပါ"
"ကိစ္စက ကြီးနေပြီလေ ပြန်သေးလို့မရတော့ဘူး ကိုယ် သိရဲ့လား....ဟင်.."
"ဒါကတော့ Joss က သေးတဲ့ အမှုကို ကြီးအောင်လုပ်တာလေ"
"အေးဟုတ်တယ်...အခု ဒီထက်ကြီးအောင် လုပ်ဦးမှာ"
"ဟင်....ဘာလုပ်မှာလဲ"
"အဲဒီလူနဲ့တွေ့မလို့....ကိုယ်မိတ်ဆက်ပေးရင်ပေး မပေးရင် ညီကိုယ်တိုင် စုံစမ်းပြီး တွေ့ရအောင်လုပ်မယ် ။ပြီးရင် joong archen က Joss ရဲ့ ချစ်သူ ။ကိုယ့်ဘေးမှာ ညီကလွဲပြီး တခြားဘယ်သူမှ မရှိစေရဘူး ဆိုတာ သွားပြောမယ်"
"အဓိပ္ပာယ် မရှိလိုက်တာ ညီရယ် ။သူများအကြောင်း ဂဃနဏ မသိပဲ သွားရမ်းတယ်ဆိုတာ ယဉ်ကျေးမှု မရှိတဲ့သူတွေရဲ့လုပ်ရပ်ပဲ"
"ဒီကိစ္စမှာ ယဉ်ကျေးမှုဆိုတာတွေလည်း နားမလည်ဘူး ၊မိတ်ဆက်ပေးမှာလား  မပေးဘူးလား၊
ကိုယ့်အဖြေပေါ်ဆုံးဖြတ်ပြီး ညီလုပ်စရာရှိတာလုပ်မယ်"

အချစ်ဆိုသည်မှာ / အခ်စ္ဆိုသည္မွာWhere stories live. Discover now