Part 5

396 34 9
                                    

Unicode

"အဘွား ကျွန်တော် P' nine ကို ဘုရားလိုက်ပို့မလို့၊ ဘွားရောလိုက်ခဲ့ပါလား"
"မလိုက်တော့ဘူး မြေးတို့ဘာသာသွားကြ "
"ဘွား လမ်းလျှောက်ဖို့ ခေါ်တုန်းကကျ သားလိုက်ရတယ် .."
"အော် အဲဒါက ဘွားနဲ့အတူ မြေးလိုက်လာမှ nine နဲ့ မြေးတွေ့ရမှာမို့ မြေးကိုခေါ်တာ ၊အခုက ဘွားမလိုက်လည်း မြေးတို့ဘာသာ တွေ့ရမှာဆိုတော့ ဘွားပါဖို့မလိုတော့ဘူး"

ဘွားက အဲ့ဒီလို လူလည်ကျပါသည်။

ဘုရားသွားသည့် ထိုနေ့မနက်မှာ သူကပုံစံလေးပြောင်းလာသည်။

ရွှေဝါရောင် သန်းနေသည့် ဆံပင်လန်လန်တွေကို ဂျယ်လ်နှင့်သပ်တင်ထားသည်။လည်ကတုံးလက်ရှည်ဖြူ ပုဆိုးအပြာကွက်ကို ဝတ်ဆင်ထား‌သောကြောင့် အမြင်တမျိုးဆန်းနေသည်။မြန်မာဝတ်စုံဝတ်ထားပေမယ့် သူ့ပုံစံက မြန်မာဆန်မသွားပါ ....အထူးသဖြင့် သူ့လမ်းလျှောက်ဟန်။သူ့မှာလူကြည့်ခံရသည့် ဆွဲဆောင်မှုမျိုးရှိ၍လားမသိ .....သူနှင့်အတူတွဲသွားတိုင်း ပုံမှန်ထက်ပို၍ လူများက သတိထားကြည့်သွားကြသည်။

Joong ကတော့ အဲဒီလိုထင်ပေါ်သည့် အသွင်ရှိ သော သူမျိုးနှင့် တွဲသွားတွဲလာ လုပ်‌နေရသည့်အတွက်ကို စိတ်ကျင်းကြပ်ရပါသည်။ joss နဲ့တွဲနေတာလည်း ကြာပြီမို့ သူ့ကိုရော jossကိုပါ သိသူ တစ်ယောက်ယောက် မြင်သွားမှာလည်း စိုးရိမ်ရသည်။စားသောက်ဆိုင် တစ်ဆိုင်ဆိုင်မှာ အတူထိုင်စားမိတာကမှ ရိုးရိုးမိတ်ဆွေ ပါဆိုကာ ‌ဖြေရှင်းလို့ရဦးမည်။အခုလို မနက်အစောကြီး ဘုရားလာတာကို Joss သိလို့ကတော့ ရိုးရိုးမိတ်ဆွေပါဆိုလည်း ကျိန်ပြောတောင် Joss ကယုံမှာမဟုတ်ပေ။စိတ်ဆတ်သော ဂျစ်တူးတူးကောင်လေး ဆူပူပေါက်ကွဲ ဝုန်းဒိုင်းကြဲမှာကိုတော့ joong ကြောက်ရပါသည်။

ဘုရားပေါ်မှာ joong က nine နဲ့ ယှဉ်တွဲ၍ မသွားရဲပါ ။မသိမသာလေး နောက်ချန် ချန်လျှောက်ရင်း စိတ်ကျင်းကြပ်နေရပါသည်။သူကတော့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး ပုံစံလေးနှင့်ပင် တစ်ပတ်ပတ်ပြီး ဘုရားဖူးသည်။

ဘုရားက ပြန်ဆင်းလာတော့ သူက joong ကိုခပ်ပြုံးပြုံး လှမ်းကြည့်ရင်း.....

အချစ်ဆိုသည်မှာ / အခ်စ္ဆိုသည္မွာWhere stories live. Discover now