Part 13

351 28 12
                                    

Unicode


"ဟဲလို P'Nine ကျွန်တော်ပါ"

"Aww Joong အဘွားဘာပြောခိုင်းလိုက်လို့လဲဟင်"

"P' က အဘွားဆက်ခိုင်းမှန်းဘယ်လိုသိတာလဲ"

"အခုနောက်ပိုင်း အဘွားကတခုခုပြောစရာရှိလို့ဆက်ခိုင်းမှသာမင်း ဆက်တာလေ..မင်းဘာသာဆို ဆက်ဖို့ခဲတယ်မဟုတ်လား"

Nine စကားကြောင့် သူအားနာသွားရသည်..စိတ်မကောင်းလည်းဖြစ်သွားတာမို့ သူခဏတိတ်ဆိတ်သွားရသည်။

"P'Nine ကျွန်တော်..."

"ရှင်းမပြပါနဲ့ Joong ... ကိုယ်နားလည်ပါတယ်"

သူဘာဆက်ပြောရမှန်းမသိတာမို့

"P' ထမင်းစားပြီပြီလား"

"စားပြီးပါပြီ"

"ဘာဟင်းလဲ"

"အိမ်မှာဘာချက်လိုက်မှန်းတောင် မသိပါဘူး..
နေ့လယ်စာအပြင်မှာပဲစားလိုက်တာ"

"အော် ..အဘွားနဲ့အတူတူ သွားစားကြတာလား"

"မဟုတ်ဘူး..အဘွားနာရီ လုခံရတုန်းက ကူညီတဲ့သူကို အပြင်မှာ ထမင်းလိုက်ကျွေးရင်း အပြင်မှာပဲစားလိုက်တာ..အခုစားတဲ့ဆိုင်လေးက မဆိုးဘူး နောက်တခါ အဘွားတို့နဲ့အတူတူသွားစားရမယ်.......
အော် ဒါနဲ့ ဘွားလက်ကောနာနေသေးလား"

"နာနေတယ်ဆိုလို့ ကျွန်တော်ဆေးလိမ်းပေးလိုက်တယ်"

"အဘွားက ဘာပြောခိုင်းလိုက်တာလဲဟင်"

"အဲ့ကူညီခဲ့တဲ့သူကို သိပ်သဘောမကျလို့တဲ့..အရောမဝင်ဖို့ပြောခိုင်းတာပါ ..လူကြီးဆိုတော့လည်း ဒီလိုပါပဲ ကြံဖန်စိတ်ပူတတ်ကြတာ"

"ကိုယ်လည်း သူ့ပုံစံသိပ်သဘောမကျဘူး...ကူညီပေးဖူးတဲ့သူဆိုတော့ ယဉ်ကျေးမှုအရ တုံ့ပြန်တဲ့သဘောလောက်ပါပဲ..ခါးခါးသီးသီးကြီးလုပ်ပစ်ဖို့က ခက်တယ်မဟုတ်လား"

"ဟုတ်ပါတယ်"

Nine နဲ့စကားပြောရင်းနှင့်ပင် Joss ယူလာပြသောပုံတွေဟာ P' ထိုလူကိုထမင်းလိုက်ကျွေးတုန်းက Joss သူငယ်ချင်းတွေရိုက်ယူလာတယ်ဆိုတာ သိလိုက်သည်။နေ့လယ်ကရိုက်ထားသောပုံများကို ညနေပိုင်းမှာ ကူးယူလာပြီး နေ့မကူးမှီ အရောက်ယူလာပြနိုင်သော Joss ရဲ့ လျင်မြန်သွက်လက်သော ထောက်လှမ်းမှုများကတော့ ဩချရလောက်ပါသည်"

You've reached the end of published parts.

⏰ Last updated: Jul 23, 2020 ⏰

Add this story to your Library to get notified about new parts!

အချစ်ဆိုသည်မှာ / အခ်စ္ဆိုသည္မွာWhere stories live. Discover now