Part 12

332 26 10
                                    

Unicode

"အသုံးမဝင်ပါဘူး မင်းရဲ့ရုပ်ရှင်ကြီးကလည်း"

Joss က ထိုင်ခုံတစ်လုံးပေါ် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။

Ron က ထိုင်ခုံတစ်လုံးကိုအလျှင်အမြန်ဆွဲယူကာ Joss ဘေးနားဝင်ထိုင်လိုက်ရင်း

"ဘယ်လိုဖြစ်တာလဲ မင်းမျက်နှာကလည်း အီးမှန်လာသလိုပဲ"

"Ron နောက်တခါ ငါ့မျက်နှာကို အီးမှန်တယ်လို့ပြောကြည့် မင်းမျက်နှာကိုလက်သီးနဲ့ဆွဲထိုးမယ်"

Joss က Ron ရဲ့မျက်နှာကို လက်သီးနဲ့ရွယ်ကာပြောလိုက်သည်။

"အေးပါကွာ"

Ron က Joss ဘက်ကိုမျက်လုံးလေးစွေကြည့်ရင်း

"ဘယ်လိုလဲ ဓာတ်ပုံတွေမြင်တော့ မင်းရဲ့လူအံ့ဩမသွားဘူးလား"

"မအံ့ဩပါဘူး"

"‌ဒေါသရောထွက်လား"

"မထွက်ဘူး"

"ကြေကွဲနေလား"

"မကွဲဘူး"

"ဒါဆို ဘာဖြစ်သွားတာလဲ"

Joss က Ron ရဲ့ မျက်နှာရှေ့တည့်တည့်မှာ လက်ကိုယမ်းခါပြရင်း

"ဘာ  မှ   ကို  မ  ဖြစ်  ဘူး"

ဟု အသံကိုညစ်၍ပြောလိုက်သည်။

"ဘာမှမဖြစ်ရအောင် သူကကန်းနေတာလား"

Joss က စားပွဲကိုလက်သီးနဲ့ထုရင်း

"မကန်းလို့ပေါ့ကွ မင်းပုံတွေက ပီမှမပီပြင်ဘဲ"

"ဘယ်လိုမပီပြင်တာလဲ ငါဟိုကောင်ကိုသေချာသရုပ်ဆောင်ခိုင်းထားတာကို"

"အေး မင်းကောင်က စားပိုးနင့်အောင်ကိုပီပြင်နေတာ"

"ဘယ်လို..."

"မင်းကောင်က ဘယ်တုန်းကတည်းက ငတ်ပြတ်လာတာလဲမသိ..ဓာတ်ပုံတိုင်းမှာလည်း သူစားနေသောက်နေတဲ့ပုံတွေကြီးပဲ...ရယ်နေတဲ့ပုံမှာတောင် စားလက်စ ပလုပ်ပလောင်းပုံတွေကြီးပဲ.. ရိုမန့်တစ်ဆန်တဲ့ပုံကို ချွေးပြန်အောင်ရွေးထုတ်ထားရတယ်"

"ငါ့သူငယ်ချင်းကောင်မလေးတွေကိုလည်း စားပွဲနားမှာနေပြီး ဓာတ်ပုံရိုက်ခိုင်းထားတာပဲ"

အချစ်ဆိုသည်မှာ / အခ်စ္ဆိုသည္မွာWhere stories live. Discover now