Chapter 4

108 18 10
                                    

Zawgyi

ထိုနေ့က မိုးအုံ့နေခဲ့သည်။ လေပြင်းများလည်းတိုက်နေခဲ့သည်။ ရာသီဥတုမှာ နည်းနည်းလေးမှ စိတ်ချမ်းမြေ့ဖွယ်ရာ မကောင်းခဲ့ပါ။

နှင်းဖြူ၏ မဟူရာစံအိမ်တော်သို့ ဒုတိယအကြိမ် အလ်ာတစ်ခေါက်တွင် ထိုကိစ္စများဖြစ်ပွားခဲ့သည်။ သူမ၏ အဒေါ်ဖြ
စ်သူ မြူနှင်းချို အသည်းအသန်ဖြစ်နေသည့်အတွက် နောက်ဆုံးအချိန်အမှီလာပါဟူသော ဖုန်းကြောင့် သူမအမေမှာ သူမလက်ကိုဆွဲ၍ မိုင်၃၀၀ကျော်ဝေးသော ထိုမြို့သို့ ညတွင်းချင်းအရောက်သွားခဲ့သည်။

သူမတို့ရောက်သွားချိန်တွင် မြူနှင်းချိုမှာ အသက်ပင် ငင်နေလေပြီ။ နောက်ဆုံးအနေဖြင့် နှင်းဖြူ သူမ၏ချစ်ရပါသော အဒေါ်လက်ကိုဆုပ်ကိုင်လိုက်သည်။ မြူနှင်းချိုမှာကား ပြင်းထန်လှသော ဝေဒနာကြောင့် အသိစိတ်ပင်မရှိတော့ပေ။

တစ်ချက် အကြောဆွဲအပြီးတွင် ငြိမ်ကျသွားပြီးနောက် အိမ်တော်တစ်ခုလုံးတွင် ငိုယိုသံများ ပွက်လောညံသွားသည်။ သူမအမေ ဆောင်းနှင်းချို ကတော့ နှင်းဖြူကို ဖက်ထားကာ အသံမထွက်ဘဲ ကြိတ်ငိုနေသည်။ နှင်းဖြူမှာ မျက်လုံးအဝိုင်းသားလေးနှင့်ပင်သူမအဒေါ်အလောင်းကို ငေးကြည့်နေလေသည်။

အသုဘအခမ်းအနားအပြီးတွင် အိမ်တော်အကြီးအကဲဖြစ်သူ နှင်းဖြူ၏အဘွား(ဆောင်းနှင်းချို၏အဖွား)က အထုပ်တစ်ထုပ်ကို သူမ အမေလက်ထဲထည့်ပေးလိုက်သည်။ဆောင်းနှင်းချိုမှာ မျက်ရည်စများကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း ပွတ်လိုက်ရင်း ကားပေါ်သို့တက်လာသည်။ ထို့နောက် ရန်ကုန်သို့အပြန်လမ်းတွင် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို အသက်သွင်းလိုက်သည်မှာ ကားနောက်ခန်းမှ နှင်းဖြူဖြစ်သည်။

"မေမေ...တီလေးက လူဆိုးလားဟင်"

"နှင်းဖြူ..သမီး ဘယ်လိုမေးလိုက်တာလဲ!မဟုတ်ဘူး အဲ့စကားကို ဘယ်ကကြားတာလဲ"

"အိမ်တော်ထဲက ထူးဆန်းတဲ့ အန်တီကြီးနဲ့ အစ်ကိုကြီးတစ်ယောက်ပြောနေတာ။ သူတို့မငိုဘူးတဲ့။ မျက်ရည်ကုန်တယ်တဲ့။ တီလေးသေသွားတာပဲကောင်းတယ်ဆို ပြောနေကြတယ်။မေမေ ပြီးတော့လေ အစ်ကိုကြီးက ပြောတယ် ။ တီလေးသေအောင်တော်တော်လေးကြိုးစားလိုက်ရတယ်တဲ့။မေမေ တီလေးကအသတ်ခံရတာလားဟင်"

Foreteller,Yukiko san.Место, где живут истории. Откройте их для себя