Chapter 3

170 17 19
                                    

Zawgyi

"ဒီနေ့ အိမ်မှာ ဆောင်တော်ကူးပန်းတွေ ပွင့်တာပဲ။ပြီးတော့ သဇင်ပန်းတွေရောပဲ"

မနက်စောစော အိပ်ယာထရာမှ စားပွဲပေါ်တွင် တင်ထားသော ပန်းများကို ကြည့်ရင်း မေးလိုက်ခြင်းဖြစ်သည်။ထိုသူမှာ အိပ်ယာမှ ထစဖြစ်သောကြောင့် ဆံပင်များမှာအနည်းငယ်ပွနေသော်လည်း ခန့်ညားနေသေးသည်။

"အင်း။ငါက ဒီနှစ် မပွင့်တော့ဘူး ထင်နေတာ"

" ပွဲတော်ချိန်နဲ့ အကိုက်ပွင့်တာဆိုတော့ ကောင်းတာပဲ။အစ်ကိုရော မနက်စောစော ဘယ်သွားလဲ"

" ဖိတ်ထားတဲ့ ဧည့်သည်တွေရောက်လာမှာမို့ သွားကြိုတယ်။ ရှိန်းမင်းယံ မင်းလည်း သေချာပြင်ဆင်ထား။ ဒီနှစ်မင်း  လည်း ငါတို့မိသားစုအတွက် ပွဲံကိုတက်ရလိမ့်မယ်။မမကြီးရှေ့ မျက်နှာပျက်ရအောင်မလုပ်နဲ့"

ရှိန်းမင်းယံ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီးနောက် လက်တစ်ချက်အဝှေ့တွင် ခုံပေါ်ရှိ ပန်းများမှာ ညှိုးနွမ်းသွားရသည်။

" ကျွန်တော့်မှာ ဒီလောက်ထိ အစွမ်းတွေရှိနေတာပဲ။ ဘယ်သူ့ကိုကြောက်ရမှာလဲ"

သို့သော် ခပ်ပြင်းပြင်းရိုက်ချက်တစ်ခုမှာ သူ၏ ပါးပေါ်သို့ရောက်လာသည်။လက်စွပ်ဝတ်ထားသောလက်ဖြင့် ရိုက်ချင်းခံလိုက်ရသဖြင့် ပါးစောင်မှ သွေးများပင်စီးကျလာသည်။

" အဖွဲ့အစည်းတစ်ခုလုံးနဲ့ တစ်ယောက်နိုင်မယ်ထင်နေတာလား။ရှိန်းမင်းယံ နင့်ရဲ့ မာနကြောင့် ငါတို့မသေချင်ဘူး။ အသိတရားရှိစမ်း"

ရှိန်းမင်းယံ အံကိုတင်းတင်းကြိတ်ထားလိုက်သည်။ သူ့တွင်အစွမ်းများ အလုံအလောက်ရှိပါရက်နှင့် သူ့လောက်ပင် မတတ်သော လူများလက်အောက်တွင်နေရသည်ကို လုံးဝပင် မကျေနပ်နိုင်ပေ။

(အမေ့ကို ကျွန်တော် ဘာလုပ်နိုင်တယ်ဆိုတာကို ပြမယ်!)

🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮

အေးမြလှသော မနက်ခင်းဆောင်းလေအေးကို တစ်ဝရှူရှိုက်လိုက်သည်။ထိုလေမှာ ရန်ကုန်မြို့၏ လေထုနှင့်လားလားမျှ မသက်ဆိုင်ပေ။ရာဘာခြံများမှာ မျက်စိတစ်ဆုံးကြည့်လေရာတွင် ရှိနေပြီး ဆောင်းရာသီဖြစ်သည့်အတွက် တောရိုင်းပန်းမှာလည်း အရောင်စုံပွင့်လန်းနေကြသည်။

Foreteller,Yukiko san.Donde viven las historias. Descúbrelo ahora