Chapter 9

87 12 18
                                    

Zawgyi

ပြတင်းပေါက်မှ လေအေးများဝင်လာသဖြင့် ခြူးသံစဉ် သောက်မည်ကြံထားသော ကော်ဖီများမှာ ခဏလေးတင် အေးစက်သွားတော့သည်။ တောင်ပေါ်မြို့ဖြစ်၍ ခြင်များ မရှိသော်လည်း အခြားပိုးကောင်များက မီးလင်းးနေသော သူမအခန်းတွင်း တစ်ကောင်စနှစ်ကောင်စတိုးဝင်လာကြသည်။

အထပ်မြင့်တိုက်များမရှိသလို လူနေနည်းသော ထိုမြို့လေး၏ ညမှာတိတ်ဆိတ်လွန်းသလို ကြယ်များကလည်း တောက်ပနေသည်။
ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ပါက ခြံထဲတွင်ပွဲတော်အတွက်ပြင်ဆင်နေကြသည့် အလုပ်သမားများကို တွေ့ရသည်။ ပွဲတော်မှာ သန်ဘက်ခါစတော့မည်ဖြစ်၍ အကုန်လုံးလိုလိုပင် အလုပ်များနေကြသည်။

ခြူးသံစဉ်မှာ Exorcist(ပယောဂဆရာ)မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ အသက်ငယ်သေးသော်လည်း အဖေဖြစ်သူနီးပါးပင် မကောင်းဆိုးဝါးများကို နှင်နိုင်သည့်အတွက် Church၏ အသိအမှတ်ပြုခြင်းကိုခံထားရသူလည်းဖြစ်သည်။

အဖေဖြစ်သူမှာ Exorcistဖြစ်သလို အမေဖြစ်သူမှာ Green Witchတစ်ယောက်ဖြစ်သည်။အစ်ကိုဖြစ်သူမှာလည်း Sea Wizard တစ်ယောက်ဖြစ်သလို လူတကာ လေးစားရသော ထိပ်ပိုင်း မိသားစုတစ်ခုမှ လာသော သူမမှာ အရာရာတွင် သူများထက်သာသလို မာန်မာနကြီးကာ စကားအပြောအဆိုမှာလည်း အလွန်ရင့်သီးလွန်းသည်။ ထို့ကြောင့်မကြာခဏ ကျိန်စာတိုက်ခံရတတ်သည်။

သို့သော်သူမတို့မိသားစုတွင် အကြီးမားဆုံး လျှို့ဝှက်ချက်တစ်ခုရှိနေသည်။ လူတိုင်းအမြင်တွင် မိသားစု၅ယောက်သာရှိသော်လည်း အမှန်တကယ်မှာ ၆ယောက်ဖြစ်သည်။

ခြူးသံစဉ်တွင် ဆူးသံစဉ်ဟုခေါ်သည့် အမြွှာအစ်မရှိသည်။ သို့သော် ထိုအစ်မမှာ သေခြင်းနှင့် ရှင်သန်ခြင်း ကြားနယ်မြေတွင်ပိတ်မိနေပြီး အပြင်လောကသို့ဆက်သွယ်လိုပါက သူမခန္ဓာကိုယ်ကို တစ်ခဏတာငှားဝင်ရသည်။

သူမအစ်မမှာသေနေသည်လည်းမဟုတ် ရှင်နေသည်လည်းမဟုတ်ပေ။ခန္ဓာကိုယ်အစစ်ကိုသာရှာတွေ့ပါက ပုံမှန်ပြန်ဖြစ်နိုင်သည်။သို့သော်ဆိုးသည်က ထိုခန္ဓာကိုယ်မှာ အစအနရှာမရအောင်ကို ပျောက်နေခြင်းပင်။

Foreteller,Yukiko san.Where stories live. Discover now