Chapter 1

288 25 8
                                    

Zawgyi

ယနေ့ကျောင်းပိတ်ရက်တွင် စတိုခန်းကိုရှင်းရန် ဆုံးဖြတ်လိုက်သည်။ ပြတင်းပေါက်ကို ဖွင့်လိုက်ချိန်တွင် ဖုန်မှုန့်များက နေရာအနှံ့ လွင့်ပျံ့သွားသည်။အပြင်ဘက်မှ လတ်ဆတ်သော လေကြောင့် ညစ်ညူးနေသော စိတ်များမှာ အနည်းအကျဉ်းသက်သာသွားရသည်။

အထုပ်များကိုရှင်းလင်း ဘီရိုထဲထည့်ရင်း တုပ်တန်းပေါ်မှ လက်ကနဲ အရာတစ်ခုကိုတွေ့လိုက်ရသည်။ စူးစမ်းလိုစိတ်ဖြင့် ယူကြည့်လိုက်ရာ သံသေတ္တာဘူးလေးဖြစ်နေသည်။ ပန်းနုရောင်ဆေးသုတ်ထားသော်လည်း အချို့သောနေရာများတွင် ဆေးများပျက်ကာ သံချေးများပင်တက်နေသည်။

အဖုံးကို အားဖြင့်ဆွဲဖွင့်လိုက်ချိန်တွင် တွေ့လိုက်ရသည်က ကျောက်ဆံထိုးတံလေးများ၊ ရင်ထိုးလေးများ နှင့် ဓာတ်ပုံအဟောင်းများ၊ စာအိတ်အဟောင်းများနှင့် ဒိုင်ယာရီစာအုပ်တစ်အုပ်၊ ထို့ပြင် သေတ္တာဘူးအသေးတစ်လုံးကိုတွေ့လိုက်ရသည်။ စာအိတ်ပေါ်ရှိ နာမည်အရ ထိုသေတ္တာမှာ သူမ၏ သေဆုံးသွားသော အဒေါ်ဖြစ်သူ၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း သိလိုက်ရသည်။

ဓာတ်ပုံများအရ သူမအဒေါ်သည် ငယ်ရွယ်စဉ်က အမှန်တကယ် ချောမောလှပခဲ့သည့်အပြင် ထက်မြက်သည့် ပုံစံဖြစ်ကြောင်း သိလိုက်ရသည်။ သူမ၏ နက်မှောင်သန်စွမ်းလှသော ဆံပင်များ၊ မျက်ဝန်းညိုများ နှင့် မျက်နှာပေါက်မျက်နှာထားများမှာ အံ့သြစရာကောင်းလောက်အောင်ပင် ချွတ်စွပ်နီးပါးတူညီနေခဲ့သည်။

သိလိုစိတ်ဖြင့် စာများကို ဖွင့်ဖတ်လိုက်မိသည်။ အနယ်နယ် အရပ်ရပ်မှ ကျေးဇူးတင်ကြောင်းစာများ ၊ ချစ်ခင်ကြောင်းပြောသည့်စာများအပြင် အနာဂတ်ကိုပါမေးမြန်းထားသည့်စာများကိုတွေ့လိုက်ရသည်။

ဆက်လက်၍ ဒိုင်ယာရီစာအုပ်ကို ဖွင့်ကြည့်လိုက်ရာ နာမည်များ နံပါတ်များနှင့် ထူးဆန်းသည့် အင်္ဂလိပ်စာသားများကို တွေ့လိုက်ရသည်။သိလိုစိတ်ဖြင့် သေတ္တာဘူးသေးကို ဖွင့်လိုက်ချိန်တွင် သူမတွေ့လိုက်ရသည်က ကတ်ပြားများ၊ အခင်းတစ်ခု ၊ စာအုပ်တစ်အုပ် နှင့် ရေမွှေးတစ်ပုလင်းဖြစ်သည်။

Foreteller,Yukiko san.Tempat cerita menjadi hidup. Temukan sekarang