Chapter 5

91 16 37
                                    

Zawgyi

ရေမွှေးနံ့မရတော့သဖြင့် နှင်းဖြူစိတ်ပျက်လက်ပျက် အောက်သို့လှမ်းကြည့်လိုက်ချိန်တွင် သူမအား လှမ်းကြည့်နေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။သူမ မျက်လုံးကို ပွတ်လိုက်ကာ ပြန်ကြည့်ချိန်တွင်ထိုသူမှာမရှိတော့ပေ။

တစ်ခဏတာ ဖြတ်ကနဲတွေ့လိုက်ခြင်းသာဖြစ်သော်လည်း ထိုလူမှာ သူမရှာဖွေနေသော လူဖြစ်ကြောင်း မသိစိတ်မှနှိုးဆော်နေသည်။ထို့ကြောင့် အောက်သို့ဆင်းအသွားဧည့်ခန်းမှ အောင်မြင်လှသော အသံတစ်သံကိုကြားလိုက်ရသည်။

"သမီး နှင်းဖြူ အဘွားဆီလာပါဦး"

လှေကားမှဆင်းလာသော သူမကို မြင်သွား၍ လှမ်းခေါ်လိုက်သည်။ထို့ကြောင့်  သူမအဘွားနားသွားထိုင်လိုက်သည်။အကြီးအကဲဟူသော ခေါင်းစဉ်ကြောင့်အရှိန်အဝါကြီးမားသယောင် ဖြစ်နေသော်လည်းအိမ်တော်အကြီးအကဲ၏ အတွင်းရေးကအစသိသော နှင်းဖြူမှာ ရယ်ချင်နေလေသည်။

သို့သော် ဧည့်ခန်းထဲတွင် သူမအမေအပါအဝင် အခြားသော လူများပါရှိနေသဖြင့် ဟန်ကိုယ်ဖို့ဟူသော စကားအတိုင်း ဟန်ဆောင်နေလိုက်သည်။

"၁၀နှစ်အတွင်းသမီးတော်တော်ပြောင်းလဲသွားတာပဲ"

ဆံပင်များကိုလက်ဖြင့် တယုတယသပ်တင်ပေးကာ စိတ်မကောင်းဖြစ်သည့်လေသံဖြင့် ပြောနေသည်။ နှင်းဖြူသည် မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ် လုပ်ကာ ကြည့်နေလေသည်။

(ဒီကလေးမက တကယ်ကိုချစ်စရာကောင်းတာပဲ)

အိမ်တော်အကြီးအကဲတွေးနေလိုက်သည်။သို့သော် ထိုကလေးမ၏ မျက်ဝန်းများမှာသွားလေသူတစ်ယောက်နှင့် တူလွန်းလှသည်။

နှင်းဖြူကတော့ စိတ်ထဲတွင် အမြန်ထွက်သွားခွင့်ရပါရန် ကြိတ်ဆုတောင်းနေလေသည်။

ဆုတောင်းပြည့်သွားသည်လားမသိ၊နွေသင်္ဂီမှာ ချောင်းတစ်ချက်ဟန့်လိုက်သည်။ဆွေးနွေးပွဲမပြီးသေးဟူသည့်သဘောပင် ။ အိမ်တော်အကြီးအကဲမှာ တစ်ချက်ပြုံးလိုက်ရင်း ခေါင်းညိမ့်လိုက်သည်။။

" သွားစရာရှိရင်သွားလေသမီး နှင်းဖြူ။ ဘွားတို့က စကားပြောစရာရှိသေးတယ်"

Foreteller,Yukiko san.Where stories live. Discover now