🌿 Spring Love 31 🌿

2.6K 235 9
                                    

Zawgyi

Company နှစ်ပတ်လည်ပွဲ

အလုပ်မှာစွမ်းဆောင်ရည်ကောင်းလို့လူကြီးတွေရဲ့ချီးကျူးခြင်းခံနေရသူ Jongin
ဒါရိုက်တာအဖွဲ့ဝင်တယောက်ကဆို
မောင်ရင်စွမ်းဆောင်ရည်ကို
အတော်သဘောကျနေပြီ။
ဒီအသက်အရွယ်နဲ့လက်တွဲဖော်မရှိဘူးလားမေးနေသည်။

အတွေးထဲဖြေမိသည်ကရှိတာပေါ့။
တသက်လုံးလက်တွဲသွားချင်သူကလေးတို့အဖေလေး Baek အကြောင်းတွေးမိရင်းသူ့မျက်နှာဝယ်
အပျော်ရိပ်တို့ဖြတ်သွားလေရဲ့။
သူ့မျက်နှာရိပ်ကိုကြည့်ကာအထင်မှားသွားသူက
ဒါရိုက်တာလူကြီးမင်း။သမီးလုပ်သူအတွက်သတို့သားလောင်းအဖြစ်နဲ့စောင့်ကြည့်ဖို့ဆုံးဖြတ်ချက်ချသွားလေသည်။

မဆုတ်မနစ်ကြိုးစားရင်တော့မကြာမှီသောအချိန်ကာလမှာ
ရည်ရွယ်ရာပန်းတိုင်ဆီရောက်နိုင်တော့မယ်။
အလုပ်ကပြန်တာနဲ့လွမ်းနေရပြီဖြစ်သောချစ်ရသောသူတွေဆီ
အပြေးလှမ်းလာခဲ့သည်။

ဆိုင်ထဲသူဝင်တာနဲ့မှတ်မိနေပြီဖြစ်သောဝန်ထမ်းကောင်လေးကရီပြသည်။အဲ့ကောင်လေးကို Baek နဲ့သဝန်တိုမိပြီးအစပိုင်းကတောင်
စကားအခြေအတင်ဖြစ်ပြီးပြီ။
အဲ့တုန်းကလည်းသူ့မှာ Baek ရဲ့
လက်စာမိလိုက်သည်။သူ့ကိုအဓိပ္ပါယ်မရှိစကားပြောရမလားနဲ့
အခုလိုပြောခွင့်မင်းမှာရှိလို့လားဆိုတာရယ်
လက်ညိုးငေါက်ငေါက်ထိုးပြောဆိုပြီးနှင်ထုတ်တာ။
သူ့မှာဒူးထောက်မတတ်တောင်းပန်သည့်အပြင်၊ယောက်က္ခမကြီးကပါသူ့ဘက်ကနေဝင်ပြောပေးလို့ပြသာနာပြီးသွားတာ။

ယောက်က္ခမကြီးကိုသီးသန့်တွေ့ကာအတိတ်ကကိစ္စအတွက်
တောင်းပန်ခဲ့ပြီးလက်ရှိ
သူ့ကိုပြန်လက်ခံပေးဖို့ခွင့်​တောင်း​တော့ Baekhyun လက်ခံဖို့
အရေးကြီးတယ်လို့သာပြန်​ပြောခဲ့သည်။
မြေးလေးတွေကိုမိဘအစုံအလင်နဲ့နေစေချင်တာသူ့ဆန္ဒ
သူ့သားလေးပင်ပန်းနေတာကိုလည်းမကြည့်ရက်တော့ဘူး
အကုန်ပြေလည်စေချင်ပြီလို့ပြောတော့ Jongin ဝမ်းသာလွန်းလို့
ကျေးဇူးတင်ပါတယ် လို့အထပ်ထပ်ခါခါပြောခဲ့မိသည်။

🌿

သူဝင်လာတာ Baekhyun မသိဘဲနေမလား။
အဲ့ဟာကိုရောက်နေကြောင်းဟန်လုပ်ချောင်းဟန့်ပြနေတာ။
အဲ့လိုအပိုလုပ်တာတွေကြည့်လို့မရပါဘူး။

🌿 Spring Love 🌿Where stories live. Discover now