"မားမား"
"ခေါ်ပြန်ပြီလား အဲ့လိုမခေါ်ဖို့သင်ထားတယ်လေ
ဒီကလေးမကတော့ .... ""မားမားကလည်း .... ပါးပါးကိုသတိရတယ်
ဟင့် ဟင့် "" Tae Rin "
ကျွန်တော်ဒေါသထွက်ကာအော်မိတော့ငိုသောသမီး
ရက်မှလသို့ပြောင်းလာသောအခါသူ့အဖေကို
ိုသတိရလာပြီလေ။"ပါးပါးဆီပြန်မယ်
ိုဟိုကဘိုးဘိုးဘွားဘွားဆီပြန်မယ် ... "မချော့တော့ဘဲငိုချင်သလောက်သာငိုစမ်းလို့ပစ်ထား
လိုက်တော့သည်။ကြာလာရင်တော့မေ့သွားမှာဘဲလေ။
ကျွန်တော်လည်းသတိရသော်ငြားမေ့ပစ်လိုက်တာ
အကောင်းဆုံး။
အခုနေသတိရငိုလည်းခဏပေါ့တဖြည်းဖြည်းကြာလာရင်
မေ့သွားမှာပါ။ငိုနေရာကမိမိဘေးကိုတိုးလာကာဗိုက်ကို
မျက်နှာအပ်ထပ်ငိုပြန်သည်။
သမီးလေးကျောပြင်ကိုပွတ်သပ်ရင်းသာမိမိကိုယ်တိုင်မျက်ရည်မကျမိဖို့ထိန်းနေရသည်။ရင်နာတယ် မောင်
ဗိုက်ထဲကသားလေးကန်ကျောက်တိုင်းမော့င်ကိုသတိရတယ်။
ဗိုက်ကိုအနမ်းပေးလိုက်ကပ်ပြီးစကားပြောလိုက်နဲ့မောင်ကအရူးကြီးလိုဘဲ။တွေးတိုင်း Baek ရင်ထဲနာသည်။
မုန်းမေ့ဖို့ကြိုးစားရတာမလွယ်ပါလား။
မောင့်ကိုမုန်းမေ့ချင်ပြီ။နောက်ထပ်လာမတွေ့ခင်ကျွန်တော်တို့အိမ်ပြောင်းလိုက်သည်။အဖေကလည်းလေဖြန်းလို့အိပ်ရာထဲလှဲ၊အမေ့ခင်မျာသမီးကိုထိန်းရင်းအဖေ့ကိုပြုစုရသည်။
မွေးဖို့ရက်မတိုင်ခင်ဗိုက်နာလာပြီးလမစေ့ဘဲသားလေးကိုမွေးလိုက်ရသည်။အရာအားလုံးကဗရုတ်သုတ်ခအဖြစ်တွေပါဘဲ။
သမီးကိုထားခဲ့လို့မရလို့အမေကဆေးရုံစောင့်ရင်းထိန်းရသည်။သတိပြန်ရလာချိန်ကလေးကိုနို့တိုက်ဖို့လာပေးသည်။
YOU ARE READING
🌿 Spring Love 🌿
FanfictionJongin x Bakhyun Marriage life and mpreg . Published date: 2.12.2018 Ending date: 30.10.2020 Fic CV : AkariXing