"ဒီတခါဘာလေးဖြစ်မလည်း "Baekhyun ရဲ့ဗိုက်ကိုသံလွင်ဆီလိမ်းပေးရင်း
မောင်ပြောလာသည်။"သား သို့မဟုတ် သမီး ဘာများဖြစ်ရအုံးမလည်းမောင် "
"အမြွှာ လေးဆိုလည်းအဆင်ပြေသား "
မောင့်စကားအဆုံး Baekhyun မျက်စောင်းထိုးမိတော့တဟားဟားအော်ရီနေလေရဲ့
"တော်ပါ အမြွှာဖြစ်ချင်နေသေး
Baek ကိုအသက်ထွက်အောင်လုပ်နေတာလား
တစ်ယောက်တည်းလာနော် ကလေးလေး ""ပြွတ်စ် မောင်အသည်းယားလွန်းလို့ရူးမှာဘဲ "
"မောင် သားသမီးတွေမြင်မယ်နော်အဲ့ကလေး
တွေရှေ့ဆင်ခြင်ပါဆိုဘာလို့လိုက်နမ်း"Baekhyun ပြောတာတောင်နောက်ကျနေပြီ။
သမီးကြီးကသူတို့နှစ်ယောက်ကိုပခုံးတွန့်ကာကြည့်လေရဲ့မျက်နှာလေးကပါရှုံပြလိုက်သေး။"ပါးပါးနဲ့မားမားကိုမနိုင်ဘူး "
ဤသို့မှတ်ချက်ပြုကာသူတို့အခန်းထဲကထွက်သွားလေရဲ့။
"မောင် ကြောင့်သမီးကြီးပြောသွားတာကြားရဲ့လား "
"အဲ့ကလေးတွေကမလွယ်ဘူး
ထားလိုက်ပါတော့လေ မောင့်အချစ်ရယ်
သမီးကြီးပြောတာလည်းမှားမှမမှားတာ "သမီးကြီးကအသက်ဘဲ ၈ နှစ်ကျော်နေပြီဆိုတော့ကိစ္စအတော်များများနားလည်နေပြီ။
သားငယ်လေးလည်းမထူးပါဘူး။
အသက် ၆ နှစ်လောက်လေးကပြောလိုက်ရင်
လူကြီးလေးလိုတွေးဆကာနဲ့။တတိယမြောက်ကိုယ်ဝန်ကိုလွယ်ထားရချိန်မှာတော့မောင့်အပေါ် အရမ်းအားကိုးမိတယ်။
အရင်ကလေးတွေတုန်းကမပေးနိုင်ခဲ့တဲ့
ဂရုစိုက်ခြင်းကိုအခုအများကြီးမောင်ဂရုစိုက်ပေးတယ်။ဒါကိုတောင် Baekhyun အနေနဲ့
မောင့်အကြင်နာကနည်းနေသေးတယ်လို့
တခါတခါတွေးမိတယ်။ကလေးတွေရှေ့အနေအထိုင်အရမ်းဆင်ခြင်နေရလို့မောင့်အပေါ်စိတ်ကြိုက်တောင်ချွဲခွင့်မရဘူး။ဗိုက်ထဲကကလေးလေးကတော့
အချစ်တွေအများကြီးနဲ့ကြိုဆိုခံရမှာ။
ဒါတောင် Baek ရူးတူးတူးအတွေးတွေတွေးမိခဲ့သေး။
YOU ARE READING
🌿 Spring Love 🌿
FanfictionJongin x Bakhyun Marriage life and mpreg . Published date: 2.12.2018 Ending date: 30.10.2020 Fic CV : AkariXing