"သားရယ်အမေအများကြီးမှားခဲ့လို့ခွင့်လွှတ်ပေးပါလို့
မတောင်းခံပါဘူး "မင်္ဂလာအခမ်းအနားပြီးချိန် Baek ခေါင်းမူးလာလို့အဝတ်လဲခန်းထဲအနားယူနေစဉ် Jongin အမေ ဆီလာကာစကားပြောနေတာ။
လူကြီးသူမကဒူးထောက်မတတ်အနေအထားနဲ့ပြောနေတာကို
မသိချင်ယောင်ဆောင်မယ်ဆိုလျှင်ကိုယ်ဘဲရိုင်းရာကျမယ်။Baekhyun စကားပြန်ပြောဖို့ပြင်နေတုန်း Jongin ရောက်လာသည်။
"အမေ သူခေါင်းမူးနေတာနားပါစေ
နောက်မှပြော ""အေးပါကွယ်
Baekhyun သားလေးနားလိုက်အုန်း
ဆေးသောက်ဖို့ လိုလား
အမေ.... ""ကျွန်တော် တစ်ယောက် လုံးရှိပါတယ် အမေရာ
သူ့ယောက်ကျား ကျွန်တော် ရှိတယ် ""ဟဲ့ ငါသိတယ်
နင်မဏ္ဍပ်တိုင်တက်ပြမနေနဲ့...တကယ်တည်း "လူကခေါင်းမူးနေပါတယ်ဆိုကာမှသူတို့ကအနားစကား
လာများသေး။ Baekhyun နားထင်ကိုဖိထားရင်း
ထရပ်လိုက်သည်။"Baek ရရဲ့လား "
အပြောနဲ့အတူလူတကိုယ်လုံးသူ့ရင်ခွင်ထဲပြိုကျသွားရသည်။
အဲ့လိုတွေသဘောမကျတာ။"ငါ့သမီးနဲ့သားရော "
"ရှိတယ်
ကလေးတွေဆော့နေကြတာ
Baek အမူးမပြေသေးရင်ခဏနားအုန်းမလား ""မနားတော့ဘူး
ပြန်မယ် သမီးနဲ့သားကိုခေါ်
ဟာ.. ကျစ် စိတ်ရှုပ်တယ် ပြန်တော့မယ် ""Baek ခဏလေး
ကိုယ်တို့အခုနလေးကမှလက်ထပ်လိုက်တာ
သက်ဆိုင်သူတွေဖြစ်သွားတာ
အခု ကလေးတွေကိုခေါ်ပြီးပြန်တော့မယ်ဆိုတာက
အဟက်ဘာသဘောလည်း "Baekhyun သူ့ကိုကြည့်တော့အံကျိတ်ကာပြောနေသလိုဘဲ
ဘာလည်းဟ ဒေါသထွက်နေတာလား ။"မင်းဖြစ်ချင်တာ လိုက်လျောပေးပြီးပြီလေ
အခုပြီးပြီမလား ငါပြန်တော့မယ် ပြောတာ ဘာမှားလို့လဲ ""Baek.... မင်း မင်း အရမ်းလွန်နေပြီ
ကိုယ်တို့ကဒီတိုင်းလက်ထပ်လိုက်ရုံဘဲလား။
မင်း ကိုယ့် ကိုအဖက်လုပ်အုန်း "ပခုံးနှစ်ဖက်ကိုတင်းတင်းဆုပ်ကာအံကျိတ်ထားသံနဲ့သူပြောလာတာ။
Baekhyun ကကောငြိမ်ခံမယ့်အစားလား။
YOU ARE READING
🌿 Spring Love 🌿
FanfictionJongin x Bakhyun Marriage life and mpreg . Published date: 2.12.2018 Ending date: 30.10.2020 Fic CV : AkariXing