🌿
Video call ပြောနေရင်း အချစ်ငိုတာမြင်လိုက်ရတော့
ဂျပန်ကနေကိုရီးယားကိုလေယာဉ်တောင်မစီးဘဲပျံသွားလိုက်ချင်တယ်။ချစ်ရသူရဲ့မျက်ရည်ကသူ့ရင်ကိုနာစေတယ်လေ။
အချစ်ကတော်ရုံဆိုသူ့အပေါ်သိပ်မချွဲတတ်။ဒီရက်ပိုင်းပြောင်းလဲလာတဲ့အချစ်ကကိုယ်ဝန်ကြောင့်ခံစားရလွယ်တာဖြစ်မယ်။
ခရီးကပြန်ရောက်ရင်တော့သေချာဂရုစိုက်ပေးရမယ်။Baekhyun ရှိုက်ကြီးတငင်ငိုမိပြန်သည်။
သူငိုတော့သားအငယ်ကပါငိုသည်။သမီးကြီးကတော့မငိုဘဲ
လက်ပိုက်ကြည့်နေလေရဲ့။"မားမား ကလည်း ပါးပါး ကအလုပ်ကိစ္စနဲ့သွားတာကိုငိုရလား"
ပါးစပ်ကသာပြောနေတာ
လက်မှာတစ်သျူးဗူးကိုလှမ်းပေးပြီးသား။"ကျေးဇူးပါ မားမား သမီးကြီး "
"ပါးပါး ကမှာသွားတယ်
မားမားနဲ့မောင်လေးကိုသမီးကစောင့်ရှောက်ရမှာတဲ့လေ
သမီးကြီးဆိုတာ အားတဲ့လေ "မောင်ကတော့လေသမီးကြီးကိုအတော်မြှောက်ထားတာ
အခုဘဲကြည့်
လူကြီးတယောက်လိုပြောနေတာများ။Baekhyun ကလေးနှစ်ယောက်ကိုဖက်ထားရင်းကြည်နူး
မိသည်။ဒီကလေးတွေကသူတို့နှစ်ယောက်အတွက်အဖိုးမဖြတ်နိုင်တဲ့
ရတနာလေးတွေ။"မားမား ကလေသမီးကြီးနဲ့သားလေးကိုမိတ်ဆက်
ပေးချင်တဲ့သူရှိတယ် "စိတ်ဝင်တစားနားထောင်နေတဲ့ကလေးနှစ်ယောက်
"မားမား ဗိုက်ထဲမှာ ကလေးလေးရှိနေပြီ
သမီးနဲ့သားတို့အတွက်မောင်လေးဖြစ်မလား
ညီမလေး ဖြစ်မလားတော့မသိသေးဘူး။
ကလေးပိစိလေးတော့ဒီအထဲရောက်နေပြီ "သားငယ်သည်အံ့သြသောပုံလေးနဲ့ပါးစပ်လေးဟကာငေးလို့
"မားမား အာ့ဆို မားမားဗိုက်ထဲကိုဘယ်သူကလာထည့်တာလည်း
ကလေးလေးကိုပြောတာ "အငယ်ကောင်ရဲ့စကားကိုအကြီးမကတန်းကနဲဖြေချလိုက်တာများ ...
"ပါးပါး ထည့်ပေးတာပေါ့
မားမား ဗိုက်ထဲကိုကလေးလေးထည့်ပေးတာ
ပါးပါးဘဲရှိမှာပေါ့ "
YOU ARE READING
🌿 Spring Love 🌿
FanfictionJongin x Bakhyun Marriage life and mpreg . Published date: 2.12.2018 Ending date: 30.10.2020 Fic CV : AkariXing