🌿Spring Love 3 🌿

3.3K 268 15
                                    

မနက်ခင်းအစမှာကြားလိုက်ရသောအသံ

ရေချိုးခန်းထဲဝင်ချည်ထွက်ချည်ဖြစ်နေသောဖြူလုံး

မနက်အလင်းရောင်မလာတည်းကထအန်နေတာအခုဘဲကျောင်းသွားခါနီးပြီအန်လို့မပြီးနိုင်သေးပေ။

"Baek အဆင်ပြေရဲ့လား"

သူ့ကိုအဖြေမပြန်နိုင်ဘဲပါးစပ်ကိုအုပ်ကာရေချိုးခန်းထဲထပ်ဝင်သွားသည်မို့သူ့နောက်ကလိုက်သွားကာအလိုက်တသိနဲ့ကျောကိုဖွဖွပုတ်ပေးလိုက်သည်။တဝေါ့ဝေါ့နဲ့ထိုးအန်နေသော်လည်းလေတွေဘဲမို့ခံသာသေး။
အန်အပြီးထအရပ်ယိုင်သွားတာမို့သူပွေ့လိုက်ရသည်။အိပ်ရာထက်တွဲပို့ကာလှဲခိုင်းလိုက်
ပြီးချွေးစေးတွေနဲ့နဖူးလေးကိုသူအသာလေးသုတ်ပေးလိုက်သည်။

"Baek
အရမ်းခံရခက်နေလား
ကိုယ်ဘာလုပ်ပေးရမလဲ
ဆေးရုံသွားမလား "

" နေ... ရတယ်
ညကတင်ဆေးရုံသွားထားတာကို
ကျောင်းသွားတော့လေ... "

"မသွားတော့ဘူး
Baek ကိုထားခဲ့ရမှာစိတ်မချဘူး '

"သွား
တနေ့အလုပ်မဟုတ်ဘူး
ကိုယ်ဝန်လရင့်မှပျောက်မှာကို
ကျောင်းသွားစာမေးပွဲနီးနေပြီဟာ... "

စကားမဆက်ဘဲအမောဖြေနေပုံရတဲ့ဖြူလုံး

"ကျောင်းသွား Jongin မင်းကျောင်းပျက်ရင်
ငါပါစာတွေမရဘဲနေမယ်
အန်တာကနေ့လည်ကျသက်သာမှာဘဲဟာ... "

တဘက်သို့လှည့်ကာမျက်စိမှိတ်နေတဲ့ဖြူလုံး
ညကဆေးရုံကိုအသဲအသန်ပြေးရပြီးပြန်လာတည်းကအမေနဲ့ကျွန်တော်ကတောက်ကဆဖြစ်ကြသည်။သူလည်းအနေကျုံ့ပုံရသည်။
ကျောင်းသားအရွယ်ဝင်ငွေမရှိသေးသောကျွန်တော်တို့ရုတ်တရက်ကလေးဆိုတာရလာသောအခါဖြူလုံးကျန်းမာရေးအနည်းငယ်
ချုချာလာသည်။ဆေးရုံပြေးရတိုင်းပိုက်ဆံကမိဘဆီလက်ဖြန့်တောင်းနေရ
တော့အိမ်ထောင်ဦးစီးဖြစ်တဲ့ကျွန်တော်စိတ်ညစ်ရသလိုသူလည်းမျက်နှာမကောင်း။
အိမ်မှာနေရင်လည်းအားနေကပ်နေကြလားဆိုပြီးအမေ့အပြောရှိနေတော့ Jongin ကျောင်းသာထွက်လာရသည်
ဖြူလုံးကိုစိတ်မချပေ။ကျောင်းပိတ်ရက်ကျရင်တော့အလုပ်ရှာလုပ်ရမယ်။

🌿 Spring Love 🌿Where stories live. Discover now