ep 1

4.1K 161 0
                                    

အမှောင်ထု ကျွန်တော်နဲ့အတူရှိပြီးအဖော်ဖြစ်နေတာက အမှောင်ထု။ကျွန်တော်အမှောင်ထုကိုအစကကြောက်ခဲ့ပေမဲ့အခုတော့နေသားကျလာခဲ့ပါပြီ။ကျွန်​တော့်နာမည်က​ ​​ရှောင်ကျန့်။လောကအလယ်ထဲစရောက်ကတည်းကချစ်ခြင်းမေတ္တာရဲ့ဥပေက္ခာပြုခြင်းခံခဲ့ရပြီး မိဘတွေရဲ့စွန့်ပစ်ခြင်းခံရပြီးမိဘမဲ့ဂေဟါမှာကြီးပြင်းလာတဲ့ကျွန်တော်ကမွေးရာပါနှလုံးအားနည်းပါတယ်။ ငယ်ကတည်းကမိဘမဲ့ဂေဟါမှာရောကျောင်းမှာရောချူချာလွန်းတဲ့ကျွန်တော့်ကို အခြားကလေးတွေကအနိုင်ကျင့်ခဲ့ကြတယ်။ သူငယ်ချင်းမရှိ ကာကွယ်ပေးမဲ့သူမရှိတဲ့ကျွန်တော်ဟာအမြဲတစ်ယောက်တည်းပဲ။နှလုံး အားနည်းလို့တစ်ချိန်လုံးလဲဆေးသောက်ရတယ် ။တစ်ခါတစ်လေဆေးမသောက်ချင်လို့ဆရာမတွေကိုလိမ်ညာလိုက်ရတာတွေရှိတယ်။ အဲ့လိုအခါကျလက်တွေခြေတွေတုန်နေတတ်တယ်။ ဆရာမတွေကသိရင်ကျွန်တော်ကိုဆူတယ်။တချို့ဆရာမတွေကမျက်နှာလည်းလိုက်တက်တယ်။အဲ့ထဲမှာကျွန်​တော်အချစ်ဆုံးကဆရာမ ကျန်းရန်လီ။သူမကကျွန်တော့်ကိုအရမ်းဂရုစိုက်တယ်။ဒါပေမဲ့သူလည်းကျွန်တော့်ကိုထားသွားတာပါပဲ။သူ ကားအက်စီးဒန့်ဖြစ်ပြီးရုတ်တရက်ဆုံးသွားတယ်။တချို့ဆရာမတွေလည်းဂရုစိုက်ကြပေမဲ့ လူအများနဲ့မို့ တအားဂရုမစိုက်ပေးနိုင်ကြဘူး။ကျွန်တော်နားလည်ပါတယ်။ဒီအတိုင်းကျွန်တော့်ကိုဂရုစိုက်ပေးတယ်ဆိုတာသိရုံနဲ့တင်ကျေနပ်ပါတယ်။ မွေးစားမယ့်လူတွေ တစ်ခါတစ်ရံလာကြည့်ပေမဲ့ကံဆိုးသူကျွန်တော်ကတော့ မွေးစားမခံရပါဘူး။ ကျွန်တော်အသက်၁၈နှစ်ပြည့်တဲ့နှစ်မှာ ကျွန်တော်ဝါသနာပါတဲ့ ပန်းချီဆရာအလုပ်ကိုစပြီးလေ့လာခွင့်ရခဲ့တယ်။ မိဘမဲ့ဂေဟါကအသက်၁၈နှစ်ဆို နေလို့မရတော့တဲ့အတွက်စျေးပေါတဲ့အခန်းတစ်ခန်းရှာပြီးနေလိုက်တယ်။မိဘမဲ့ဂေဟါကထွက်လာတော့ ဆရာမတွေကငိုကြတယ်။ကျွန်တော်ကတော့ ဘယ်လိုမှမခံစားရပါဘူး ။မျက်ရည်တွေခမ်းနေခဲ့တာကြာပါပြီလေ။ သံယောဇဉ် ရှိပေမဲ့ဝမ်းနည်း​​နေပေမဲ့ မျက်ရည်ကထွက်မလာခဲ့ဘူး။ ကျွန်တော်အခန်းဌားတာကလည်းကျောင်းတက်ရင်းနဲ့ အချိန်ပိုင်းအလုပ်လုပ်ရင်းရတဲ့ပိုက်ဆံတွေနဲ့ပါ။ စျေးပေါတဲ့အခန်းဆိုတော့လည်းနေရာကျဥ်းတာပေါ့လေ။ဒါပေမဲ့အဆင်ပြေပါတယ်။ ကျွန်တော်အချိန်ပိုင်းအလုပ်ကရတဲ့ပိုက်ဆံနဲ့ပန်းချီသင်တန်းတက်တယ်။ ကျွမ်းကျင်လာတော့ ပန်းချီကားတွေဆွဲပြီး studioတွေကိုလိုက်ပြတယ်။အခုတော့ ကျွန်တော် အောင်မြင်စ တက်သစ်စပန်းချီဆရာတစ်ယောက်ဖြစ်နေပါပြိီ။အခက်အခဲတွေကြားမှရှိခဲ့ပေမဲ့ပေါ့။ ဝင်ငွေလေးလည်းရလာတော့ အချိန်ပိုင်းအလုပ်ကိုနားလိုက်ပြီး ပန်းချီကိုပဲတစိုက်စိုက်မတ်မတ်ဆွဲတော့တယ်။အခန်းကလည်းအရင်ကလောက်မကျဥ်းတော့ဘူး။ကိုယ်ပိုင်အခန်းလေးပေါ့။ အခန်းထဲမှာတော့ပန်းချီကားတွေနဲ့ချည်းပါပဲ။ကျွန်တော့်ဘဝက အရမ်းကိုအေးဆေးပြီး ပျင်းစရာကောင်းတယ်ဆိုမလား။အထီးကျန်တာလေးလည်းရှိပေမဲ့ပေါ့။ငယ်ကတည်းကအနိုင်ကျင့်ခံရပါများတော့ လူတွေကိုသိပ်မယုံကြည်တော့ပဲခပ်ကင်းကင်းပဲနေ​တော့တယ်။အတုအယောင်တွေမလိုချင်တော့ဘူး။ကျွန်တော်ချစ်ရသူတွေဆုံးရှုံးရမယ့်ခံစားချက်လည်းထပ်မခံစားချင်ဘူး အရမ်းနာကျင်ရတယ်သေမတက်ပဲ။ခုတော့ကျွန်တော်ပြခန်းသွားရအုံးမယ်။အဲ့ပြခန်းပိုင်တဲ့သူကကျိးချန်တဲ့။သူကခင်ဖို့ကောင်းပါတယ်။ဇီဇာကြောင်တာကလွဲရင်။သူနဲ့ခင်ပေမဲ့ လူတွေနဲ့ကင်းကင်းရှင်းရှင်းနေချင်တဲ့ကျွန်တော်စိတ်ကြောင့်သိပ်ရင်းရင်းနှိးနှီးမဟုတ်ပါဘူး။သူက ပန်းချီမဆွဲတက်​ပေမဲ့ပန်းချီအရမ်းစိတ်ဝင်စားတဲ့သူကျွန်တော့်ပန်းချီကားတစ်ချပ်ကိုအရမ်းကြိုက်သွားရာကနေ ခုလို ကျွန်တော်လည်းအဆင်ပြေသူလည်းအဆင်ပြေအောင်သူနဲ့​ပေါင်းပြီးဒီပြခန်းဖွင့်လိုက်တာသူကသူဌေးသားဆို​​တော့ကျွန်တော့်ထက်ရှယ်ယာများပေမဲ့ကျွန်တော်တစ်ယောက်ထဲအတွက်တော့ဒီကရတဲ့ပိုက်ဆံကလုံလောက်ပါတယ်။တခြားအလုပ်တွေကိုလည်းကျိုးချန် ကပဲလုပ်တယ်။ကျွန်တော့တို့ပြခန်း အတွက်အခြားရှယ်ယာရှင်တွေလည်းရှိတယ်။ပန်းချီလိုက်စုဖို့ကလည်း ကျိုးချန်အပိုင်း။ကျွန်တော်ကတော့ပန်းချီလေးဆွဲရုံပဲ။

light (hikari)completeWhere stories live. Discover now