Unicode
ရှောင်ကျန့် သည်းထန်စွာငိုနေသောကြောင့်နှလုံးအောင့်လာခဲ့သည်။သူအငိုမရပ်သေးပေ။နှလုံးအောင့်လာမှုကြောင့် အံဆွဲထဲမှဆေးကိုယူပြီး ခက်ခဲစွာမြိုချလိုက်ရသည်။ရှောင်ကျန့် ကြိုးစား၍မတ်တပ်ရပ်လိုက်ပြီး ပန်းချီခန်းထဲသို့ အားအင်မရှိသလိုမျိုး ယိုင်နဲ့နဲ့နှင့်သွားလိုက်သည်။ဆွဲလက်စပန်းချီကိုဖယ်လိုက်ပြီး အသစ်ခင်းလိုက်သည်။ပန်းချီစုတ်တံများဖြင့် ထိုစာရွက်ဖြူဖြူပေါ်တွင် ရင်ထဲမှ မျက်လုံးထဲမှ လုံးဝထုတ်မရသော ပုံရိပ်အားအသေးစိတ်ပုံဖော်လိုက်သည်။ပုံဖော်နေစဥ်အတွင်းရိပေါကားမောင်းသွားသံကိုကြားလိုက်ရသေးသည်။မိမိမရှိသည်အထင်နှင့်အထဲလာခဲ့ပုံမရခဲ့။တစ်ညလုံးလုံးဝမအိပ်ခဲ့ပေ။မနက်ခင်းနေရောင်ခြည် က ရှောင်ကျန့်မျက်နှာပေါ်သို့ ခပ်နွေးနွေးကျရောက်နေသည်။ပန်းချီကားလဲပြီးသွားခဲ့လေပြီ။ရှောင်ကျန့် ခုံပေါ်သို့ ထိုင်ချလိုက်ပြီး ပန်းချီကားကိုကြည့်လိုက်သည်။ပန်းချီကားထဲကလူက သူ့ကိုပြုံးပြနေသည်။ထိုအပြုံးလေးသည် အရမ်းကိုလှပပြိီးရှောင်ကျန့်ရင်ကိုနွေးသွားစေသည်။
'ကျန့်ကော တနေ့ကျရင်ကျွန်တော့်ကိုပုံတူပန်းချီဆွဲပေးရမယ်နော် မျှော်နေမယ် ´
ရိပေါပြောခဲ့သည့်စကားများ။ရှောင်ကျန့်တစ်ညလုံးမအိပ်ရသေး၍ အိပ်ချင်နေခဲ့သည်။ထို့ကြောင့်အိပ်ခန်းထဲသို့ သွားကာ ရှောင်ကျန့်အိပ်ရာပေါ်လဲချလိုက်ပြီး မျက်နှာကြက်ကို စိုက်ကြည့်နေမိသည်။ မကြာခင်မှာပဲ အသက်ရှုသံတိုးညှင်းစွာထွက်လာခဲ့သည်။တစ်ခန်းလုံးတိတ်ဆိတ်နေခဲ့ပြီး ထိုအသက်ရှုသံမှလွဲ၍ မည်သည့်အသံမျှမကြားရပေ။
...............................................................
ရှောင်ကျန့် ဟိုတစ်လောကဆွဲထားသောပန်းချီကားကို ကျိုးချန်ဆီသို့ သွားပေးရန် ပြခန်းသို့ရောက်နေခြင်းဖြစ်သည်။ ကျိုးချန်နှင့်ကသိပ်များများပြောရန်မလိုပေ။ ရှောင်ကျန့် ပြန်တော့မည်ဖြစ်၍တံခါးဖွင့်လိုက်တော့ မိမိတွေ့ချင်နေခဲ့သော သူအားတွေ့လိုက်ရသည်။ရှောင်ကျန့်အလွန်ပျော်မိသွားသော်လည်း သူ၏နောက်မှ မိန်းကလေးအားမြင်လိုက်ရချိန် ရှောင်ကျန့်နှလုံးသားတွေ ကြွေကျသွားသလိုပင်။ သူ့ဆီရိပေါလာမလည်တာနှစ်ပတ်လောက်ရှိနေပြီဖြစ်သည်။သူထိုအခန်းလေးထဲမှာပဲထိုင်ရင်း ရိပေါကိုမျှော်နေခဲ့သော်လည်းမျှော်နေသူမှာမပေါ်လာ။သူရိပေါဆီဖုန်းဆက်ချင်သော်လည်း သူ့မာနကခွင့်မပြု၍မဆက်ဖြစ်။weiboသွားတော့လည်း ရိပေါကလိုင်းမတက်ပေ။ ရှောင်ကျန့် ဟန်မပျက်အောင် သူ၏တည်ငြိမ်နေသောပုံအားထိန်းလိုက်သည်။ဟန်ဆောင်ကောင်းနေသောသူ၏နှလုံးသားမှာတော့ သွေးစိမ်းရှင်ရှင်ထွက်နေခဲ့ပြီ။ ရိပေါကရှောင်ကျန့်ကိုမြင်တော့ တွေ့စကလိုမလျော့သောအပြုံးလေးနှင့်

ŞİMDİ OKUDUĞUN
light (hikari)complete
Romantizmအမှောင်ထုထဲမှာပိတ်မိနေတဲ့ကျွန်တော့်အတွက်တော့ ဝမ်ရိပေါက ကျွန်တော့်အတွက်အလင်းရောင်ပဲ