Unicode
ရှောင်းကျန့်ပြန်ရောက်ရောက်ချင်းပဲ အိပ်ရာပေါ်လှဲလိုက်သည်။ခဏလောက်လှဲပြီးသွားတော့အကျီလဲလိုက်ကာ ပန်းချီခန်းထဲသွား၍ပန်းချီဆွဲနေလိုက်သည်။ ထို့နောက် ဗိုက်ဆာလာ၍ ပန်းချီဆွဲနေတာကိုရပ်လိုက်ကာခေါက်ဆွဲပြုတ်လိုက်သည်။ အစားစားပြီးနောက်နေ့စဥ်ဝတ္တရားမပြတ်လုပ်နေရသော ဆေးသောက်ခြင်းအမှုကိုလုပ်ပြီးသည်နှင့်တဖန်အိပ်ရာပေါ်လှဲလိုက်ပြန်သည်။ရှောင်းကျန့်မျက်လုံးတို့ကိုမှိတ်ထားမိသည်။ မျက်လုံး တို့မှိတ်လိုက်သည်နှင့်ထိုဝမ်ရိပေါဆိုသောကောင်လေးကပေါ်လာသည်။ မိမိအားကြည့်လိုက်သည်နှင့်မိမိစိတ်အားသိနေသောသူ ကိုရှောင်းကျန့်စိတ်မဝင်စားဘူးလို့ပြောရင် လိမ်ရာကျမည်။ ရှောင်းကျန့်ရင်ထဲဗလာဖြစ်နေခဲ့တာကြာနေပြီ။လူလည်းတနေ့တခြားစက်ရုပ်သံပတ်ပေးသလိုနေခဲ့၍ယခုလိုတခြားလူတစ်ယောက်အကြောင်းမတွေးတာကြာနေသည်နှင့်အညီ ရင်ထဲတမျိုးလေးခံစားနေရသည်။ရှောင်းကျန့်ပြုံးလိုက်မိသည်။
...............................................ရှောင်းကျန့်ဒီနေ့လည်း အိမ်မှာပဲ ပန်းချီထိုင်ဆွဲဖြစ်သည်။မိမိပန်းချီဆွဲနေစဥ်မှာပဲ တံခါးခေါက်သံအပြင် မိမိနာမည်ခေါ်သံပါကြားလိုက်ရ၍အပြင်ထွက်ကြည့်မိသည်။ အပြင်ထွက်ကြည့်လိုက်တော့ ဝမ်ရိပေါဖြစ်နေ၍ ရှောင်းကျန့်အံသြသွားသည်။
မင်းကဘယ်လိုလုပ်
ဟဲဟဲ ကျွန်တော် ကျိးချန်ကိုမေးပြီးလာလိုက်တာ အထဲဝင်လို့ရမလား
ရှောင်းကျန့်မှာမိမိ၏အိမ်ကိုမည်သူမှလည်းမလာဖူးသည့်ပြင်လာဖူးသည့်သူများကိုလည်းအိမ်ထဲသို့တစ်ခါမှပေးမဝင်ဖူး။ရှောင်ကျန့်ငြင်းမည်ကြံစဥ်မှာပဲရိပေါက ရှောင်းကျန့်ခွင့်ပြုသည်မပြုသည်ကိုမစောင့်ပဲရှောင်းကျန့်အားတွန်းဖယ်ကာ အိမ်ထဲသို့ စွတ်စွတ်ကြီးဝင်သွားသည်။
ဝမ်ရိပေါ!မင်းဘာလာလုပ်တာလဲ
ကျွန်တော်ဒီအတိုင်း လာလည်တာ
လာလည်တာ
အင်း
မင်းအလုပ်မရှိဘူးလား
![](https://img.wattpad.com/cover/216558928-288-k768508.jpg)
YOU ARE READING
light (hikari)complete
Romanceအမှောင်ထုထဲမှာပိတ်မိနေတဲ့ကျွန်တော့်အတွက်တော့ ဝမ်ရိပေါက ကျွန်တော့်အတွက်အလင်းရောင်ပဲ