ep6

1.1K 93 0
                                    

Unicode

ရှောင်ကျန့်မှာရိပေါ၏ဆွဲခေါ်ခြင်းကိုခံလိုက်ရပြီး ညနက်မှပြန်ရောက်တော့သည်။

"ကျန့်ကော ကျွန်တော် ဒီမှာအိပ်လို့ရလား ဟိုညနက်နေပြီမို့"

ရှောင်ကျန့်ရင်တွေတဒုန်းဒုန်းခုန်နေသော်လည်းမထုံတက်သေးမျက်နှာဖြင့်ရိပေါကို ကြည့်လိုက်သည်။ရိပေါကလန့်သွားပြီး

"အယ် ကျန့်ကောအဆင်မပြေရင်လည်းရပါတယ်  ကျွန်တော်ဖြေးဖြေးချင်းမောင်းပြီးပဲပြန်တော့မယ် ဒါဆိုရင်....."

"အန္တရာယ်များတယ် ဒီမှာပဲအိပ်လိုက် ဧည့်ခန်းဆိုဖာပေါ်မှာပဲအိပ် စောင်ပေးမယ်"

ရိပေါမျက်နှာလေးဝင်းသွားပြီး အပြုံးလေးဖြင့်

"ကျေးဇူး ကျန့်ကော"

ရှောင်ကျန့်ထပ်၍ရင်တွေခုန်လာပြန်သည်။ရိပေါကိုစောင်ထုတ်ပေးလိုက်ပြီး

"ကျန့်ကော အားနာပေမယ့်ရေချိုးလို့ရလား "

"ရတယ်"

"ဒါဆိုရင် အကျီ"

"ရတယ်"

"ကျေးဇူးပဲ ကျန့်ကော "ရိပေါကရှောင်ကျန့်ရှေ့တွင်ပင်အကျီချွတ်လိုက်သောကြောင့် ရှောင်ကျန့်မျက်နှာရဲရဲနီသွားတော့သည်။

"မင်း......ဧည့်ခန်းမှာ "

ရိပေါကအူကြောင်ကြောင်မျက်နှာပေးဖြင့်

"ဗျာ"

"သွား....သွားချိုးတော့ "ရှောင်ကျန့်စကားတွေအထစ်ထစ်အငေါ့ငေါ့ဖြစ်ကုန်ပြီးမိမိအိပ်ခန်းထဲသို့ မြန်မြန်လျှောက်လိုက်ကာတံခါးပိတ်ပလိုက်သည်။တံခါးကိုမှီလိုက်ကာ ပေါက်ထွက်တော့မတက်ခုန်နေသာမိမိရင်ကို ဖိလိုက်ပြီး

'ရိပေါ မင်းကြောင့်ငါတော့ရင်တွေခုန်ရလွန်းလို့သေတော့မှာပဲ'

ထိုစဥ် တံခါးခေါက်သံထွက်လာပြီး

"ကျန့်ကော ရေချိုးခန်းကဘယ်မှာလဲ "

ရှောင်ကျန့်က တံခါးဖွင့်လိုက်တော့ ခန္ဓာကိုယ်ပေါ်တွင်ဘောင်းဘီတိုတစ်ထည်သာကျန်တော့သောရိပေါကိုတွေ့လိုက်ရသည်။ရှောင်ကျန့်ရှက်သွေးဖြန်းနေသော မျက်နှာဖြင့်

light (hikari)completeDove le storie prendono vita. Scoprilo ora