Unicode
ရှောင်ကျန့်ရိပေါခေါ်နေသည်ကိုလှည့်မကြည့်တော့ပဲပြေးထွက်လာမိသည်။Taxiခေါ်လိုက်ပြီးပြေးတက်ကာယခင်သူလာခဲ့ဖူးသော___ရေကန်ကိုသွားခိုင်းလိုက်သည်။ရှောင်ကျန့်လမ်းမှာတင်ရှိသေး မိုးနတ်မင်းကရှောင်ကျန့်စိတ်ကိုသိနေသည့်အလားမိုးရွာချလာသည်။မိုးရွာနေသည့်အတွက်ရေကန်နားတွင်လူမရှိတော့ ရှောင်ကျန့်အားကုန်အော်လိုက်ပြီး
အား.......ဘာလို့လဲ !ဘာလို့လဲ!ရှောင်ကျန့်ဒူးထောက်ထိုင်ချလိုက်ပြီးမိုးပေါ်ကိုမော့ကြည့်လိုက်ပြီးမျက်လုံးမှိတ်လိုက်သည်။မျက်လုံးထောင့်စွန်းမှကြာလာသော မျက်ရည်များကမိုးရေနှင့်အတူမျောပါကုန်သည်။သူအဆုံးသတ်ခုလိုဖြစ်လာမည့်အဖြေကိုသိနေပါသော်လည်းအနည်းဆုံးတော့ရိပေါကိုသူ့ခံစားချက်ကိုသိစေချင်သည်။ဘာလို့လဲ ငါ့ကိုချစ်မယ့်သူမရှိတာ ဘာလို့လဲ။ငါကနှလုံးရောဂါသည်ဖြစ်နေလို့လား၊ငါကမိဘမဲ့ဖြစ်နေလို့လား၊ငါကဘယ်နေရာမှအသုံးမကျတဲ့သူဖြစ်နေလို့လား၊ငါက အစထဲကမွေးဖွားလာဖို့မသင့်တဲ့သူလား
ရှောင်ကျန့်မျက်ရည်များနှင့်အတူ ရင်ဘတ်ကအင်္ကျီဆွဲစုတ်ပြီးငိုနေမိသည်။ သူတဖြည်းဖြည်းအသက်ရှုရကြပ်လာပြီး မောဟိုက်လာသည်။
ငါသေတော့မှာလား သေလည်းကောင်းတာပဲ ငါဒီကမ္ဘာပေါ်မှာခင်တွယ်စရာမှ မရှိတော့တာ ရိပေါမင်းပျော်ပါစေသူပြုံးလိုက်သည်။အသက်ရှုတစ်ဖြည်းဖြည်းကြပ်လာပြီးနောက်ဆုံးတော့မှောင်မိုက်ခြင်းဆီသို့။
•••••••••••
ရှောင်ကျန့်မျက်လုံးဖွင့်လိုက်တော့ မျက်နှာကြက်အဖြူရောင်ကဆီးကြိုနေသည်။သူမသေသေဘူးလား
ရှောင်ကျန့်ထိုမျက်နှာကြက်ကိုသာစိုက်ကြည့်နေရင်း ငြိမ်သက်စွာနေနေလေသည်။ထိုအချိန်တွင်ဆေးရုံတံခါးက အကြမ်းပတမ်းပွင့်လာပြီးမောဟိုက်နေသောလူတစ်ယောက်အားတွေ့လိုက်ရသည်။
ကျိူးချန်
ရှောင်ကျန့် မင်းဘယ်လိုဖြစ်တာလဲ မင်းနှလုံးငြိမ်နေတာကြာပါပြီဆရာဝန်ကဘာပြောသွားလဲ သက်သာလား

KAMU SEDANG MEMBACA
light (hikari)complete
Romansaအမှောင်ထုထဲမှာပိတ်မိနေတဲ့ကျွန်တော့်အတွက်တော့ ဝမ်ရိပေါက ကျွန်တော့်အတွက်အလင်းရောင်ပဲ