Part 3

4.3K 130 9
                                        

Unicode

မနက်တိုင်း လေးနာရီငါးနာရီလောက်ဆိုနိုးလေ့ရှိတဲ့ကျွန်တော့်အတွက်တော့ စာရင်းဇယားတွေကအဖော်ပါပဲ ညစဥ်နေရာယူထား ခဲ့တဲ့အိပ်မက်ဆိုးတွေကကျွန်တော့်ကိုဘယ်တုန်းကမှအလွတ်မပေးခဲ့ပါဘူး ငယ်ငယ်ကတည်းက ဦးနှောက်ထဲမှာစွဲထင်နေခဲ့တဲ့ အတိတ်ဆိုးတွေက အိပ်မက်ဆိုးတွေအ​​ဖြစ် ပြောင်းလဲသွားတဲ့အခါ ပိုပြီးနာကျင်ခံစားရပါတယ် အဲ့အိပ်မက်ဆိုးတွေကြောင့်ပဲ နေထွက်သည်အထိမအိပ်ခဲ့ရတဲ့ရက်တွေကပိုများသည် ကျားကြီးရင်ခြေရာကြီးဆိုသလိုပဲ အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ကလဲ မလွယ်ကူလွန်းပါဘူး ငါဘယ်အချိန်ကျမှ ပင်ပန်းမှုတွေအားလုံးကနေ လွတ်မြောက်မှာလဲ

""""""""""""ဒေါက်'''''''''''''''''''''

တွေးလက်စတို့ကိုဖြတ်ချပြီး အသံပေးရန်ပြင်လိုက်သည် ဘာကြောင့်မှန်းမသိ တံခါးကိုတစ်ချက်ထက်ပိုခေါက်ရင်သူအရမ်းမုန်းမိသည် ဆူညံသံသေးသေးလေးတောင်မကြိုက်တာဆို ပိုမှန်လိမ့်မည်ထင်....

"အင်း ပြော ငါနိုးနေပြီ"

"သခင်လေး ခေါ်ခိုင်းထားတဲ့မိန်းကလေး ရောက်နေပါပြီ အောက်ထပ်မှာစောင့်နေပါတယ်"

နာရီတစ်ချက်လှမ်းကြည့်လိုက်တော့ ခြောက်နာရီခွဲပြီးဆယ့်ငါးမိနစ် အဘိုးကြီးကသူ့သမီး ကိုတကယ်ပို့ပေးတယ်ပေါ့ အဘိုးကြီးတ ကယ်နည်းလမ်းကုန်ပြီထင်တယ် ဟက်..

"သူ့သမီးဟုတ် မဟုတ် မင်းအတည်ပြုထားရဲ့လား"

"ဟုတ် သခင်လေး လွန်ခဲ့တဲ့တစ်လလောက်ထဲက ကျွန်တော်သေချာအတည်ပြုထားပြီးပါပြီ သူ့သမီးအစစ်ပါပဲ"

"ကောင်းပြီ ငါဆင်းလာမယ် မင်းသွားလို့ရပြီ"

"ဟုတ်ကဲ့ သခင်လေး"

.......................................................................

အိမ်ကြီးထဲကိုစရောက်ကတည်းကသေချာလိုက်ကြည့်နေမိသည် ကြီးလိုက်တဲ့အိမ်ကြီး နန်းတော်ကြီးနဲ့တောင်တူတယ် နာမည်ကျော်ပန်းချီကားတွေက အိမ်ကြီးကိုပိုပြီး ဂုဏ်ဆောင်နေသယောင် လှေကားထစ်တွေရဲ့ အလယ်မှာခင်းထားတဲ့ အနီရောင်ကတ္တီပါ ကော်ဇောကြီးက တော်ဝင်နန်းတော်ကြီးရဲ့ လှေကားထစ်တွေလို ထိုလှေကားထစ်တွေပေါ်ကနေ ဝိုင်ခွက်လေးကို ညင်သာစွာလှုပ်ရင်း ခပ်အေးအေးဆင်းလာတဲ့ အမျိုးသားတစ်ယောက်...

I'm your Master(You're Mine)Where stories live. Discover now