Part 5

3.3K 122 6
                                    

Unicode

ဆူဇီဒီအိမ်ကိုရောက်တာတစ်ပတ်ပြည့်ခဲ့ပြီ ဆူဇီဒီအိမ်ကိုရောက်ပြီးငါးရက်လောက်အကြာမှာပဲ လွှမ်းမိုးစျာန်က အစေခံတွေအားလုံးကိုမလိုတော့ဘူးဆိုပြီး အလုပ်ဖြုတ် လိုက်သည် အန်တီထွေးတစ်ယောက်တော့ရှိသေးလို့တော်သေးသည် တစ်အိမ်လုံးကိုဆူဇီကတာဝန်ယူရမယ်တဲ့လေ ဒီလောက်ကြီးတဲ့အိမ်ကြီးကိုတစ်ယောက်တည်းဘယ်လိုဖြစ်နိုင်မှာလဲ

"သမီး သားစျာန်ကသမီးကိုအခန်းထဲလာခဲ့ပါဦးတဲ့"

"ရှင်..ဟုတ် ဟုတ်ကဲ့ ဆူဇီသွားလိုက်ပါ့မယ်"

သူခေါ်တယ်တဲ့ ဘာထပ်ဖြစ်ဦးမလဲမသိဘူး သူခေါ်တယ်ဆိုတာနဲ့တင်စိတ်ကတော်တော်ကိုမသက်မသာဖြစ်ရသည် မဝံ့မရဲနဲ့သူ့အခန်းရှိရာဆီကိုသွားလိုက်တော့

"ဆူဇီ ရောက်ပါပြီ"

"ကော်ဖီကိုဘယ်လိုဖျော်ရမယ်ဆိုတာရောသိလား မင်းဖျော်ထားတဲ့ကော်ဖီကချိုရဲနေတာပဲ
အဲ့တာမျိုး မင်းဘာသာသောက် ရော့"

"""""အားးးး ပူလိုက်တာ အဟင့် ဟင့် "'''''''''

လွှမ်းမိုးစျာန် ကလက်ထဲမှာကိုင်ထားတဲ့ကော်ဖီခွက်နဲ့ ဆူဇီကိုလှမ်းပက်လိုက်သည် လောလောလတ်လတ်ဖျော်ထားတဲ့ကော်ဖီမို့ အပူရှိန်ကမသေသေး လက်ပြတ်လေးဝတ်ထားတဲ့ဆူဇီ့ကိုသူကသေချာချိန်ပြီးပက်လိုက်သလားပဲ ဘယ်ဘက်လက်မောင်းကိုကွက်တိ

ရဲတက်လာတဲ့လက်မောင်းနဲ့အတူ ဆူဇီအပူဒဏ်ကိုလဲ ခံစားလိုက်ရတာမို့ ဒီတစ်ခါတော့မျက်ရည်တွေလဲမထိန်းနိုင်တော့ပါ

"ဟေ့ ငါ့ရှေ့မှာအဲ့လိုလာငိုပြနေလို့ငါမသနားဘူး နောက်တစ်ခါကော်ဖီကိုအသုံးကျအောင်မဖျော်လာရင် ဒီထက်ပိုဆိုးမယ် သွားတော့"

ဆူဇီငိုပြီးထွက်လာတော့ လှေကားထစ်နားမှာရပ်စောင့်နေတဲ့အန်တီထွေးက အခြေအနေကို ရိပ်စားမိဟန်ဖြင့် ပြေးလာပြီး

"ဟင် သမီးရယ် လက်မောင်းကနီရဲနေတာပဲ သားစျာန်ကနှိပ်စက်ပြန်ပြီထင်တယ် လာ အန်တီထွေးဆေးထည့်ပေးမယ်"

"သူ သက်သက်မဲ့နှိပ်စက်တာ ဆူဇီ့အဲ့ကော်ဖီထဲသကြားတစ်ဇွန်းပဲထည့်လိုက်တာ ခါတိုင်း အန်တီထွေးဖျော်တုန်းကတောင် သကြားနှစ်ဇွန်းထည့်နေကျကို"

I'm your Master(You're Mine)Donde viven las historias. Descúbrelo ahora