Unicode
အိမ်တံခါးကြီးဖွင့်ထားပြီးဆူဇီ့အရိပ်ယောင် တော့လုံးဝမတွေ့မိ ခါတိုင်းကားစက်သံကြားတာနဲ့ ဆူဇီကအိမ်တံခါးဝကနေကြိုနေကျ စိတ်ကအလိုမကျဖြစ်လာချေပြီ ဧည့်ခန်းထဲမှာလဲမတွေ့ သူမအခန်းထဲသွားရှာတော့လဲမ ရှိ နာမည်အော်ခေါ်တော့လဲပြန်မထူး နောက်ဆုံးမီးဖိုခန်းဘက်တစ်ချက်သွားကြည့် လိုက်တော့မှ ထမင်းစားစားပွဲနားမှာခွေခွေလေးလဲကျနေတဲ့ သူမ
"ဆူဇီ ဆူဇီ "
သူမပါးလေးကိုဖွဖွလေးရိုက်ပြီးနှိုးပေမယ့် သူမသတိမရလာပါ နဖူးကိုအသာလေးစမ်း ကြည့်လိုက်တော့
"ကိုယ်တွေပူခြစ်တောက်နေတာပါလား"
ဒီကောင်မလေးအဖျားအရမ်းကြီးပြီး သတိလစ်သွားတာဖြစ်ရမယ် ဒီတိုင်းထားလို့မဖြစ်သေးပါဘူး
သူမကိုယ်လေးကိုပွေ့ချီပြီး မိမိအခန်းထဲကိုခေါ်လာခဲ့မိသည် မွေ့ယာပေါ်တင် စောင်ခြုံပေးပြီး ရေပတ်တိုက်ဖို့ပြင်ဆင်ရသည် ငါဘာ လို့သူ့ကိုပြုစုပေးနေတာပါလိမ့် ဒီတိုင်းပစ် ထားလိုက်ရမှာကို....တစ်နေကုန်ထိုင်ပြီးပြုစုပေးနေပေမယ့် အဖျားကတော်တော်နဲ့မကျ ညနေသုံးနာရီလောက်ရောက်မှ အဖျားကကျသွားသည် လူလဲတော်တော်လေးမောနေပြီ သူ့ကိုပြုစုရတာ သူမဘေးနားခဏဝင်လှဲပြီး သူမမျက်နှာလေး ကိုနီးနီးကပ်ကပ်စိုက်ကြည့်လိုက်တော့ စိတ်ထဲမှာအမျိုးအမည်မသိသောခံစားချက်တစ် ခုထပ်ပြီးဖြစ်ပေါ်လာပြန်သည် ဘာတွေလဲကွာ ငါဘာတွေဖြစ်နေတာလဲ
ဘောင်းဘီအိတ်ကပ်ထဲကနေ အပြင်ကိုခုထိမထုတ်ရသေးတဲ့ဖုန်းလေးကတဂျီဂျီနဲ့မြည်လာ သည်မို့ ထုတ်ကြည့်လိုက်တော့ Numberစိမ်း တစ်ခုပင်...
################################
"မင်းငါ့ကိုတွေ့ချင်တာဘာကိစ္စလဲ"
"ငါ့ညီမကိုငါပြန်လိုချင်တယ် လွှမ်းမိုးစျာန်"
"ကလေးတွေမုန့်တောင်းသလိုလာပြန်တောင်းနေလို့မရဘူးလေ လင်းနေ့စွဲ"
"မင်းဆီမှာတင်နေသမျှအကြွေးကိုပြန်ဆပ်နိုင်ရင်ငါ့ညီမလဲလွတ်လပ်ပြီမလား"
YOU ARE READING
I'm your Master(You're Mine)
Romanceအငြိုးကြီးပြီးလက်စားချေချင်တဲ့ကောင်လေးက မိန်းကလေးတစ်ယောက်နဲ့တွေ့ရတဲ့အခါ.......... ရက်စက်ကြမ်းကြုတ်တဲ့ကောင်လေးက အဖြူထည်ကောင်မလေးနဲ့တွေ့ဆုံမိတဲ့အခါ..........