By Unicode
"အန်တီထွေး ဆူဇီစျေးသွားတော့မယ် ဝယ်ရမယ့်စာရင်းကိုပေးတော့လေ"
"အော် အေး ဟုတ်သားပဲ အန်တီထွေးမေ့နေတာ အခန်းထဲမှာသွားယူပေးမယ်နော်"
"ဘယ်သူကမင်းကိုစျေးသွားခိုင်းလို့လဲ"
မမျှော်လင့်ထားသောစကားတစ်ခွန်းကြောင့် ဆိုဖာခုံပေါ်မှာငြိမ့်ငြိမ့်ကြီးထိုင်နေတဲ့ လွှမ်းမိုးစျာန်ဆီကိုသူမချက်ချင်းလှမ်းကြည့်မိလိုက်သည်
"သား အန်တီထွေးကဒီနေ့ခေါင်းနည်းနည်းမူးနေလို့ ဆူဇီလေးကိုစျေးသွားဝယ်ခိုင်းတာပါ"
"အန်တီထွေးခေါင်းမူးနေတယ်ဆိုရင်လဲဘာမှ မချက်နဲ့ ကျွန်တော့်ဘာသာအပြင်မှာပဲစားလိုက်တော့မယ် ဒါပေမယ့်သူ့ကိုတော့ဘယ်မှ မထွက်ခိုင်းနဲ့"
"ဘာဖြစ်လို့လဲ ဆူဇီ့ကိုဘာလို့ဘယ်မှမထွက်ခိုင်းရတာလဲ"
အထွန့်တက်မိပြန်တဲ့လျှာရှည်လွန်းတဲ့ကိုယ့်ကိုကိုယ်ထုပစ်ချင်မိသည်
"ငါကမထွက်နဲ့ဆိုမထွက်နဲ့ပေါ့ မင်းကဘာလို့လျှာအရမ်းရှည်နေရတာလဲ ဒါငါ့ရဲ့အမိန့်ပဲ မင်းဒီခြံထဲကနေခြံပြင်ကိုတစ်လှမ်းတောင်မထွက်ရဘူး"
ပြောပြီးတာနဲ့ကားသော့ကောက်ကိုင်ပြီးထွက်သွားတဲ့လွှမ်းမိုးစျာန်ရဲ့ကျောပြင်ကိုငေးကြည့်ရင်းသာသူမဒေါသတွေကိုဖြေလျော့နေရသည် သူမကိုတိရစ္ဆာန်တစ်ကောင်လိုပိတ်လှောင်ထားချင်တာလား တကယ်ပဲဒီလိုလုပ်ဖို့လိုအပ်လို့လား
"တစ်ကိုယ်ကောင်းဆန်လွန်းတယ် သူက တော့အပြင်မှာဝယ်စားလို့ရတာပေါ့ ဒါပေမဲ့ အိမ်မှာနေခဲ့တဲ့သူတွေကဘာသွားစားရမှာလဲ"
"မပူပါနဲ့ သမီးရယ် အန်တီထွေးတို့ခေါက်ဆွဲပြုတ်စားကြတာပေါ့ သမီးပဲခေါက်ဆွဲပြုတ်ဆိုရင်သမီးလက်ရာကအကောင်းဆုံးဆို အန်တီထွေးကိုလုပ်ပြစမ်းပါ"
"အန်တီထွေးကလဲ အဲ့ဒါသမီးကလျှောက်ပြောတာပါ ခေါက်ဆွဲပြုတ်မှာကသူ့ဟာသူ အချဥ်အစပ်ထုပ်တွေကပါပြီးသားကို သမီးကဘာထပ်လုပ်စရာလိုသေးလို့လဲ"
![](https://img.wattpad.com/cover/215952846-288-k400799.jpg)
BINABASA MO ANG
I'm your Master(You're Mine)
Romanceအငြိုးကြီးပြီးလက်စားချေချင်တဲ့ကောင်လေးက မိန်းကလေးတစ်ယောက်နဲ့တွေ့ရတဲ့အခါ.......... ရက်စက်ကြမ်းကြုတ်တဲ့ကောင်လေးက အဖြူထည်ကောင်မလေးနဲ့တွေ့ဆုံမိတဲ့အခါ..........