Part 7

2.9K 121 9
                                    

Unicode

အခန်းထဲရောက်ရောက်ချင်း လွှမ်းမိုးစျာန်က သူ့ခါးကခါးပတ်ကိုဆွဲချွတ်လိုက်သည်

မ..မဟုတ်မှလွဲရော သူ.. သူ ဆူဇီ့ကို ရိုက်မလို့ လား

"အခုမှသနားစရာမျက်လုံးလေးနဲ့ကြည့်နေလို့မရဘူးလေ အပြစ်လုပ်ထားပြီးရင်အပြစ်ပေးတာခံရမှာပဲ ဘယ်လိုလဲ Readyပဲလား"

"ဟင့်အင်း ဟင့်အင်း ဆူဇီ့ကိုမရိုက်ပါနဲ့ ဆူဇီနောက်ဆိုလိမ္မာပါ့မယ်"

"""ရွှမ်း ရွှမ်း"""

ဆူဇီ့စကားကိုသူကလုံးဝနားမထောင်တော့ပေ ရုတ်တရတ်ဆိုသလို ကျောပြင်ပေါ်ကိုကျ လာတဲ့ ရိုက်ချက်နှစ်ချက်တည်းနှင့်ပင် ဆူဇီမျက်လုံးတွေပါပြာသွားခဲ့ရသည်

"အား နာတယ် မရိုက်ပါနဲ့ ဆူဇီတောင်းပန်ပါ တယ်"

ဆူဇီဘယ်လောက်ပဲအသနားခံပါစေ သူ့ရဲ့ရိုက်ချက်တွေကနည်းနည်းမှအားမပျော့သွားခဲ့ပါ ဆူဇီ့တစ်ကိုယ်လုံးစပ်ကျိန်းနေပြီး ကျောပြင်မှာဆိုသွေးတောင်စို့နေပြီ သူရဲ့ရိုက်ချက်က နည်းနည်းလေးတောင်မပျော့သွားပါဘူး အော်ရလွန်းလို့အသံလဲပျောက်နေပြီ အချိန်အတော်ကြာတဲ့အထိသူဆူဇီ့ကိုရိုက်နေဆဲပါ ဆူဇီလုပ်ခဲ့တဲ့အပြစ်ကအဲ့လောက်တောင်ကြီး သွားတာလား

လက်ထဲကခါးပတ်ကိုဘေးကိုပစ်ချလိုက်ပြီး သူမကိုတစ်ချက်ကြည့်လိုက်တော့ သတိလစ် နေပြီ သူမမျက်နှာကိုကြည့်တဲ့အချိန်မှာရုတ်တရတ်ခံစားချက်တစ်မျိုးဝင်လာသည် ငါအခုသူ့ကိုသနားနေတာလား ငါအခုလက်စား ချေနေရပြီလေ ငါဘာလို့မပျော်တာလဲ မဟုတ်ဘူး မင်းအခုလိုပျော့ညံ့နေလို့မရဘူး မင်းသူ့ကိုသနားနေလို့မဖြစ်ဘူး ခေါင်းထဲက ရှုပ်ထွေးနေတဲ့မေးခွန်းတွေကိုအပြီးသတ်လိုက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည် ဟိုကောင်မလေးကသူ့အခန်းထဲမှာမို့ သူအခန်းထဲပြန်သွားမနေတော့ပါ ရေခဲသေတ္တာထဲကသောက်လက်စအရက်ပုလင်းကိုသာသောက်ရင်း ထမင်းစားစားပွဲ ပေါ်မှာအချိန်ဖြုန်းနေမိသည်

"သားစျာန် မအိပ်သေးဘူးလား အန်တီထွေး စောစောကအသံတွေကြားလို့ နိုးလာတာ"

I'm your Master(You're Mine)Tempat cerita menjadi hidup. Temukan sekarang