Unicode
မနက်ခင်းနေရောင်လေးမျက်နှာပေါ်ဖြာကျလာတာနဲ့ အိပ်ယာပေါ်ကနေခုန်ပေါက်ပြီးဆင်းလာခဲ့တယ် ညနေကျရင် မြန်မာပြည်ကို သွားရတော့မှာမို့ ပျော်နေမိတယ် သူChinaမှာပဲရှိနေခဲ့ရတာလဲအတော်ကြာနေခဲ့ပြီ ကိုကိုပြောလို့သူရဲ့မွေးရပ်မြေကမြန်မာ ပြည်ဆိုတာကိုသိခဲ့ရပေမယ့် အတိတ်မေ့နေတဲ့သူ့အတွက်တော့ မြန်မာပြည်ကဘယ်လိုလဲ ဆိုတာနည်းနည်းလေးတောင်မမှတ်မိ
"ဟိတ် ကောင်မလေး"
ဟော သူ့အကြောင်းတွေးနေတုန်းရှိသေး ရောက်ချလာပါပြီ
"ဟာ မပြောမဆိုနဲ့ဝင်ချလာပြန်ပြီ တံခါး passwordကိုဘယ်လိုသိသွားပြန်ပြီလဲ"
"အပျော်တွေလွန်နေတဲ့ကောင်မလေးကိုလာ ကြည့်တာလေ"
"ဟီး အရမ်းသိသာသွားလား"
"သိသာတာပေါ့ ကိုကိုကဆူးမေကိုသိပ်လွှတ် ချင်တာမဟုတ်ဘူး ဘာမှလဲလည်လည်ဝယ် ဝယ်ရှိတာလဲမဟုတ်ပဲနဲ့"
"ကိုကိုကလဲ ဆူးမေနဲ့အတူ Davidတို့လဲပါတာပဲ ပြီးရင်ကိုကိုလဲနောက်ကနေလိုက်လာမှာပဲကို"
"ကိုကိုလိုက်လာဖို့ကတစ်လနှစ်လလောက်ကြာဦးမှာလေကွာ ဆူးမေကဘာလို့မြန်မာပြည်ကိုအရမ်းသွားချင်နေရတာလဲ"
"သွားချင်တာပေါ့ ကိုကိုပြောပြမှဆူးမေကမြန်မာပြည်မှာနေဖူးခဲ့တာဆိုပြီးသိရပေမယ့် မြန်မာပြည်ကဘယ်လိုလဲနည်းနည်းလေးတောင်မမှတ်မိဘူး အဲ့ဒါကြောင့်ဆူးမေသွားကြည့်ချင်တယ် နေပါဦး ကိုကိုကရော ဘာလို့ မလွှတ်ချင်ဖြစ်နေရတာလဲ စပိန်သွားတုန်းက တောင် တစ်ယောက်တည်းစိတ်ချလက်ချလွှတ်လိုက်ပြီးတော့"
"အာ...အဲ့..အဲ့ဒါက မတူဘူးလေ ဆူးမေကအဲ့ တုန်းက ကျောင်းမပြီးသေးဘူး"
"ဟင် ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့ ဆူးမေကအဲ့တုန်းကစာကြမ်းပိုး ရုပ်လေး အခုကျောင်းလဲပြီးရော ဆူးမေကပို လှလာရော အဲ့တော့ကိုကိုစိတ်မချဘူး တခြား ကောင်လေးတွေနဲ့မရှုပ်ရဘူးနော် ဆူးမေ"
"ကိုကိုကတော့ကြံဖန်ပြီးအူတိုနေပြန်ပြီ ဆူးမေက ကိုကိုနဲ့စေ့စပ်ပြီးသားပါနော် ဘယ်သူနဲ့ မှရှုပ်စရာအကြောင်းမရှိဘူး ကိုကိုသာဒီမှာနေ ခဲ့ပြီးတရုတ်မလှလှလေးတွေနဲ့ သာယာမနေနဲ့"
![](https://img.wattpad.com/cover/215952846-288-k400799.jpg)
KAMU SEDANG MEMBACA
I'm your Master(You're Mine)
Romansaအငြိုးကြီးပြီးလက်စားချေချင်တဲ့ကောင်လေးက မိန်းကလေးတစ်ယောက်နဲ့တွေ့ရတဲ့အခါ.......... ရက်စက်ကြမ်းကြုတ်တဲ့ကောင်လေးက အဖြူထည်ကောင်မလေးနဲ့တွေ့ဆုံမိတဲ့အခါ..........