- Zawgyi -
" မင်း ပြိုင်ပွဲတွေ ဘယ်တော့ပြန်စမှာလဲ "
" ဆောင်းအကုန်ဆိုတော့ March လောက်ဖြစ်မယ်ထင်တယ်.. တိုးတိုးနေတော့ လာနေပြီ "
ဟောက်ရွှမ်း အာပြဲကြီးနဲ့ အော်ဆဲတာကို တကူးတက မကြားချင်ယောင်ဆောင်စရာမလိုအောင်ကို TV ပေါ်က ပုံရိပ်နဲ့အသံလေးက ရိပေါ်အာရုံအလုံးစုံကို သိမ်းပိုက်သွားတာ...
" ဟုတ်ကဲ့ ကျွန်တော် ကျန်းရှင်းဆေးရုံက စိတ်ရောဂါ အထူးကု ဒေါက်တာရှောင်းကျန့်ပါ.. အရင်အပတ်က စိတ်ကျလွယ်တဲ့ပြသနာတွေ စိတ်အားငယ်တတ်တဲ့ ပြသနာတွေ ချုံပြောရရင်တော့ Depression ပေါ့ .. အဲ့ဒါနဲ့ပတ်သတ်လို့ ဆွေးနွေးခဲ့ပြီးပြီဆိုတော့ ဒီတစ်ပတ်မှာတော့ စိုးရိမ်မှုလွန်ကဲတဲ့ဖြစ်စဉ်တွေ Anxiety Disorder ဆိုတာနဲ့ ပတ်သတ်လို့ ကျွန်တော် ပြောပြသွားပါမယ် "
စကားလုံးတစ်လုံးချင်းကို ဖြည်းဖြည်းနဲ့ အေးဆေးလေးပြောနေတဲ့ ဖန်သားပြင်ပေါ်က ရှောင်းကျန့်ကို သူငေးတယ်..
လည်ပင်းပိတ်ဆွယ်တာအသားရောင်ပေါ်မှာ အဖြူ ရောင်ကုတ်လေးနဲ့ လေးထောင့်ကျတဲ့မျက်မှန်လေးနဲ့ ဒေါက်တာရှောင်းကျန့်က တည်တည်ကြည်ကြည်..ဆရာဝန်တွေအတွက် ဂျူ တီကုတ်အဖြူ ဆိုတာဟာ ရှောင်းကျန့်ကြောင့်သာ စတင် ဖြစ်တည်လာသလိုလိုမျိုး ရိပေါ်စိတ်လွတ်ကုန်တယ်..
ဝမ်ရိပေါ် အပိုင်စားလိုချင်လိုက်တာ...စိတ်ရောဂါအထူးကုဆရာဝန်ကို အပိုင်စားရဖို့
သူ စိတ်ကစဥ့်ကလျားဖြစ်ကြည့်ရမလားဆိုတဲ့ ရူးနှမ်းနှမ်း အတွေးတောင်ဝင်လို့လာတယ်..
ဒီအတွေးက ရူးမှန်းသိနေသေးတဲ့အလျောက်တော့ သူတကယ်တော့ မရူးသေးဘူးဖြစ်မယ်...ဒီ Everyday Health show အတွက် စိတ်ကျန်းမာရေးဆွေးနွေးတဲ့ နေရာကနေ ရှောင်းကျန့် ပါဝင်ရိုက်ကူးထားတာ ရိပေါ်ပြန်မရောက်ခင်ထဲကလို့ပြောတယ် လွှင့်တာတော့ အရင်တစ်ပတ်မှ စလွှင့်တာတဲ့..
သေချာပေါက် ကျန့်ကော ပြောတာတော့ ဘယ်ဟုတ်ပါ့မလဲ..
ငယ်ငယ်ကလို ရိပေါ်ရေ ဆိုပြီး ရည်မှန်းချက်တမျှော်တခေါ်ကြီးတွေအစ စာမကျက်ချင်တာအဆုံး သူ့ကိုတိုင်တည်တတ်တဲ့လူမှမဟုတ်တော့တာလေ...
YOU ARE READING
Dilemma Mania
Fanfictionခင်ဗျားကိုချစ်နိုင်ဖို့ ကျင့်ဝတ်ဆိုတာတွေမေ့ပြီး ဘဝကိုခပ်ရှုပ်ရှုပ်လေး ဖြတ်သန်းကြည့်မလားလို့... - Dilemma Mania - ခင်ဗျားကိုချစ်နိုင်ဖို့ ကျင့်ဝတ်ဆိုတာတွေမေ့ပြီး ဘဝကိုခပ်ရှုပ်ရှုပ်လေး ဖြတ်သန်းကြည့်မလားလို့... [ TW// adultery con...