- Zawgyi -
အခါခါပြီးဆုံးခဲ့တဲ့ သူတို့နှစ်ယောက်ဇာတ်လမ်းတွေက တကယ်တမ်းကျ အခုမှအစတဲ့...
ရေစက်တွေက အကြိမ်ကြိမ်နှိပ်စက်လို့ ကံကြမ္မာက အခါခါသတ်ခဲ့ပေမဲ့ အခုတော့ ဘာအရေးလဲ...
အသက်ပြင်းတဲ့အချစ်တွေက နိုင်ခဲ့ပြီလို့ ဝမ်ရိပေါ်က စိတ်ကူးယဉ်ဆန်ဆန်အော်ဟစ်ပစ်ချင်တယ်...အဲ့ဒီနေ့က တစ်ညလုံး...
သူ့မြတ်နိုးရခြင်းလေးကို ငေးမောတယ်...
သူ့ရင်ခုန်ရခြင်းလေးကို ထိတွေ့တယ်...
သူ့ဂဏာမငြိမ်ရခြင်းလေးကို ပွေ့ဖက်တယ်...
သူ့အူယားရခြင်းလေးကို ဖိကပ်နမ်းတယ်...
အဆုံးမှာ 'ကျွန်တော်တို့ မတွဲသေးပါဘူး ကောရဲ့ ယုံအောင်ထားနေတုန်း.. နော်' ဆိုတဲ့ လျှောက်လဲချက်လေးတော့ လက်ကိုင်ထားရတယ်...
မဟုတ်ရင် ကျွန်တော့်ရှောင်းကျန့်က လူကြီးလိုဟန့်ပြီး ကလေးလို အလိုမကျမှုနဲ့ဗျ...ဘာဆုတောင်းမှထပ်မလိုတော့တဲ့ အသိမျိုး...
ဆုတောင်းရရင်လဲ ဒီလက်တွေမြဲပါစေပဲ...
ကိုယ်တဆုံးထိလက်မလွှတ်နိုင်တဲ့သူက ကိုယ့်ကိုပြန်ရွေးချယ်ခဲ့ပါတယ်ဆိုတဲ့ ခံစားချက်...
နောင်ဆယ်သက်လောက်ထိတိုင် ပျော်ရွှင်ဖို့ရာ အာမခံချက်တွေရသွားတဲ့အတိုင်း...
သိပ်ချစ်ရပါတယ်.. ခင်ဗျားရယ်..။" အတူတူနေကြမယ်လေ ကောကလဲ မရဘူးလား "
" ဒီနဲ့ မင်းထရိန်နင်းဝင်းကို နေ့တိုင်းသွားလိုက်ပြန်လိုက်လုပ်နေလို့မှမရတာ "
" ကျွန်တော့် ကွန်ဒိုကို လိုက်နေလို့ရတာပဲကို "
မွေ့ယာပေါ် မျက်နှာချင်းဆိုင်ထိုင်လို့ ရိပေါ်
ဝိုက်ထားတဲ့ခြေခွင်ထဲ ပုံ့ပုံ့လေးဝင်ထိုင်နေတဲ့သူ့ကော..
သူက ရှောင်းကျန့်ခါးကို ခပ်ဖွဖွဖက်ထားသလို ထိုလူက သူ့ပခုံးထက် ဘေးစောင်းလေးမှီလို့ သာသာလေး တိုးကပ်စွာနေတယ်...သူ့ကို စကားပြန်တိုင်းမှာ အာငွေ့နွေးနွေးက သူ့ရင်ဘတ်ကို လာလာထိခတ်သေးတာ...
ဒီတစ်ခါ သူ့စကားအဆုံးမှာတော့ တွယ်ကပ်နေတဲ့ ခန္ဓာကိုယ်ပါးပါးလေးဆီက သက်ပြင်းချသံခပ်သဲ့သဲ့ထွက်လို့လာလေတယ်...
မှီထားတာကတော့ မပြတ်..." ငါတို့နှစ်ယောက်လုံးရဲ့ ကိစ္စတွေ အရှင်းမပြီးသေးခင်တော့ ခွဲနေတာပဲကောင်းဦးမယ် "
YOU ARE READING
Dilemma Mania
Fanfictionခင်ဗျားကိုချစ်နိုင်ဖို့ ကျင့်ဝတ်ဆိုတာတွေမေ့ပြီး ဘဝကိုခပ်ရှုပ်ရှုပ်လေး ဖြတ်သန်းကြည့်မလားလို့... - Dilemma Mania - ခင်ဗျားကိုချစ်နိုင်ဖို့ ကျင့်ဝတ်ဆိုတာတွေမေ့ပြီး ဘဝကိုခပ်ရှုပ်ရှုပ်လေး ဖြတ်သန်းကြည့်မလားလို့... [ TW// adultery con...