- Zawgyi -
Canola အဝါရောင်ပန်းခင်းကြီးကို တွေ့ရတိုင်းမှာ သူ့ရဲ့တစ်နေ့တာစတင်တဲ့ နေ့ရက်တွေဖြစ်လာခဲ့တယ်...
တွဲရမဲ့လက်တစ်ဖက်မရှိသလို...
ငေးမောစရာ ချစ်ခြင်းတရားမရှိပေမဲ့...
သယ်ဆောင်လာတဲ့ သံယောဇဉ်အပိုင်းအစတွေရယ်...
ရစ်ပတ်ထားဆဲ အမှတ်တရအငွေ့အသက်တွေရယ်နဲ့
သူ့တစ်နေ့တာတိုင်းက နွေးထွေးပါတယ်...ဒီမြို့လေးမှာ အိမ်ဝယ်ထားမိတာ သူအလုပ်စဝင်ပြီး ပိုက်ဆံစုမိကတည်းက..၊
တစ်နေ့နေ့ အကုန်လုံးနဲ့ဝေးရာကို သူထွက်သွားချင်လာခဲ့ရင်ဆိုတဲ့စိတ်နဲ့...
တကယ်ရောက်ဖြစ်လာခဲ့လိမ့်မယ်လို့တော့ သူ ထင်မထားခဲ့..သူဝယ်ထားတဲ့အိမ်လေးက မြို့စွန်ဆိုပေမဲ့ နယ်ကကျဉ်းတော့ မြို့ထဲက သူဖွင့်ထားတဲ့ ဆေးခန်းဆီ ရောက်ဖို့ဆို နာရီဝက်လောက်ပဲလမ်းလျှောက်ရတယ်..။
အငှါးယာဉ်တွေရှိပေမဲ့ သူကတော့ လမ်းလျှောက်ရတာကိုပဲရွေးချယ်တယ်...
လမ်းရဲ့ တစ်ဝက်လောက်မှာ Canola ပန်းခင်းကြီးက တစ်ယောက်တည်း လျှောက်ရတဲ့သူ့ကို အဖော်ပြုပေးနေကျ...မြို့ပြလောက်ရှုပ်ထွေးမှုမရှိတဲ့နေရာမို့ စိတ်ရောဂါဆိုတာနဲ့ အလှမ်းဝေးတာကြောင့် ရှောင်းကျန့်က စာအုပ်တွေပြန်ဖတ်ရင်းကပဲ စိတ်ရောဂါကုနဲ့အတူ အထွေထွေကုအဖြစ်ပါ ဆေးခန်းလေးဖွင့်ထားခဲ့တယ်...
တောင်ပေါ်ဒေသလေးမို့ နေရတာ အေးအေးချမ်းချမ်းရှိတယ်...
ပတ်ဝန်းကျင်ရော.. ရာသီဥတုရော...စိတ်ရောကိုယ်ရော...
ပျော်စေချင်တယ်ပြောပြီး ပျော်နေမှာကို မကြည့်ရဲတဲ့ သူ့အတ္တတွေကိုဖယ်ထားရင်းပေါ့...
အင်း.. သူအေးချမ်းပါတယ်... ။.
.
.
နှစ်ပတ်ဆိုတဲ့အချိန်အတွင်းမှာ ဆိုင်းဘုတ်မရှိဘာမရှိနဲ့ သူ့ဆေးခန်းကို တစ်နေ့ငါးယောက်လောက်လာတာပဲမဆိုးဘူးပြောရမယ်...
အများစုကတော့ ကိုယ်ဝန်စစ် ဆီးချိုစစ်တာတွေပဲများပါတယ်...နာမည်စဉ်းစားပြီးရင် စိတ်ကြိုက်ဒီဇိုင်းဆွဲပြီး ဆိုင်းဘုတ်လေးချိတ်ဦးမှလို့ ရှောင်းကျန့်တွေးလိုက်တယ်...
သူ ဘာမှမတွေးဘဲ အနားယူချင်တယ်လို့ပြောခဲ့လို့ထင်တယ်.. ယွင်ရှဲ့တောင်မဆက်သွယ်လာသေးဘူး...
YOU ARE READING
Dilemma Mania
Fanfictionခင်ဗျားကိုချစ်နိုင်ဖို့ ကျင့်ဝတ်ဆိုတာတွေမေ့ပြီး ဘဝကိုခပ်ရှုပ်ရှုပ်လေး ဖြတ်သန်းကြည့်မလားလို့... - Dilemma Mania - ခင်ဗျားကိုချစ်နိုင်ဖို့ ကျင့်ဝတ်ဆိုတာတွေမေ့ပြီး ဘဝကိုခပ်ရှုပ်ရှုပ်လေး ဖြတ်သန်းကြည့်မလားလို့... [ TW// adultery con...