- Zawgyi -
ကျူးစန့်ကျင်...
ကျိုးချန်ဆီက ရင်းနှီးနေပြီးသား အမည်နာမတစ်ခု...
သုံးလလောက်ရှိပြီထင်တယ်..
ကောင်လေးက ထူးထူးဆန်းဆန်းလေး...
သုဟာသူ ဆေးရုံကိုရောက်လာတာတဲ့...
ဒီဆေးရုံမှာပဲနေပြီး ကျသလောက်အကုန်ခံပါမယ် သူကစိတ်ဝေဒနာရှင်မို့ ကုပေးပါဆိုပြီး...အဲ့ဒီ့ကနေ ကျိုးချန်တာဝန်ယူရပြီး ကျိုးချန်လူနာဖြစ်လာတာပါပဲ..
သုံးရက်လောက်ထိ ဆွေးနွေးကြည့်တော့ သူများတွေလိုမပြောပြချင်တာတွေမရှိဘဲ ပွင့်ပွင့်လင်းလင်းပြန်ဆွေးနွေးတယ်လို့လဲသိရတယ်...အိမ်ကြောင့်ရယ် sexual ပိုင်းဆိုင်ရာ နှောင့်ယှက်မှုအပြုအမူတွေ အပြောဆိုတွေ ခံထားရတာတွေကတော့ အကြောင်းရင်းတွေပဲ..
ဒါတွေကိုလဲ သေသေချာချာပဲထုတ်ပြောပြလို့ ကောင်လေးက gay ဖြစ်ကြောင်းပါ ဝန်ခံထားသေးတယ်..Theraphy မစသေးဘဲ တစ်ပတ်လောက် counselling ချည်းဝင်နေရင်း အကောင်းကြီးရှိနေရာကနေမှ မထင်ရင်မထင်သလို ထပြီးသောင်းကျန်းတတ်တဲ့ စိတ်အခြေအနေကို ကျိုးချန်သိခဲ့ရတာ...
အဲ့ဒီ့နောက်တော့ ကျိုးချန် ကုသမှုတွေနဲ့အဆင်ပြေပြီး ကောင်လေးဘက်က ဆရာဝန်လူနာထက်ပိုချင်တဲ့ ဆက်ဆံရေးတွေအစပြုတဲ့အခါ ဒီဇာတ်လမ်းတွေဖြစ်လာရတော့တာပဲ...
ဒီနေ့ညနေတည်းက တစ်ချက်သွားကြည့်ပေးပါလားလို့ ကျိုးချန်က leave မယူခင် တောင်းဆိုလာတာကြောင့် သူရောက်နေတာ...
သူအခန်းတံခါးခေါက်ပြီး ဝင်သွားစက ကောင်လေးက မကြည်သလိုကြည့်လာတာနဲ့တိုးသေး...
ရှောင်းကျန့်ပါလို့ ပြောလိုက်တော့မှ မျက်နှာထားက ချက်ချင်းပြေလျော့သွားပြီး နှုတ်ဆက်လေတယ်..." ဒေါက်တာအကြောင်း အကို့ဆီက ခဏခဏကြားဖူးတယ် "
" ဟုတ်လား... ဒီကောင်လေးဘာတွေပြောပါလိမ့် "
" ဒေါက်တာတော်တဲ့အကြောင်းတွေပေါ့... မိန်းမနဲ့သားကို ချစ်တတ်တာတွေရောပဲ စုံလို့... အကိုလဲ ဒေါက်တာ့လို မိသားစုလေးပိုင်ဆိုင်ချင်တာလို့ပြောသေးတယ်... "
" ဒီကောင်စကားတတ်လို့လျှောက်ပြောနေတာပါ... ကျိုးချန်က စကားပြောကောင်းတယ်မလား ညီ "
KAMU SEDANG MEMBACA
Dilemma Mania
Fiksi Penggemarခင်ဗျားကိုချစ်နိုင်ဖို့ ကျင့်ဝတ်ဆိုတာတွေမေ့ပြီး ဘဝကိုခပ်ရှုပ်ရှုပ်လေး ဖြတ်သန်းကြည့်မလားလို့... - Dilemma Mania - ခင်ဗျားကိုချစ်နိုင်ဖို့ ကျင့်ဝတ်ဆိုတာတွေမေ့ပြီး ဘဝကိုခပ်ရှုပ်ရှုပ်လေး ဖြတ်သန်းကြည့်မလားလို့... [ TW// adultery con...