10...

18.8K 1.6K 173
                                    

- Zawgyi -

ကွင်းထဲ တန်းစီပြီး လေ့ကျင့်ခန်းလုပ်နေကြတဲ့ Racer တွေကို အပေါ်စီးကနေ ချန်ရှောင်းမြင်နေရတာ..
ရိပေါ်ရဲ့ ခဲပြာရောင်ခေါင်းလေးက အကုန်လုံးထဲထိုးထွက်ကာ ထင်းနေလေရဲ့..

အမဲရောင်စပို့ရှပ်ရယ် ဒူးလောက်ရှိတဲ့ အမဲရောင်ဘောင်းဘီတိုအောက်မှာ အမဲရောင်ခြေအိတ်ရှည်နဲ့ ခြေထောက်ကိုတရစပ်လှုပ်လိုက် ပြေးလိုက်လုပ်နေရတဲ့ ကောင်လေးက အခုချိန်မှာချစ်စဖွယ်လေး...
ခဏနေ contestant အင်္ကျီလဲပြီး ဆိုင်ကယ်ပေါ်ရောက်တာနဲ့ အရှိန်အဝါကတစ်မျိုးပြောင်းသွားတော့မှာ...

အဲဒီကောင်လေးက တစ်ချိန်က ချန်ရှောင်း အားကျခဲ့ရဖူးတဲ့သူ...
အခုတော့ သူငယ်ချင်းလို မောင်လေးလိုအဖြစ်နဲ့...

ရိပေါ်က ချန်ရှောင်းထက်တစ်နှစ်ကြီးပေမဲ့ သူမကတော့ မောင်လေးတစ်​ယောက်ကောက်ရထားသလို ကလိချင်နေတော့တာပဲ..
အခုတောင် ဆိုင်ကယ် Helmet ချွတ်ရင် လက်ရှိထားထားတဲ့ mullet ပုံစံနဲ့ကပ်နေတဲ့ ဆံပင်ထက် ဝဲသွားမဲ့ဆံပင်တွေနဲ့ဆို ပိုကြည့်ကောင်းမှာလို့ထင်တာကြောင့် ရိပေါ်ကို ဒါပြီးရင် ဆံပင်ပုံစံသွားချိန်းပေးဖို့ ကြံစည်နေပြီးပြီ....

ပြီးတော့.. တခြားမသိပေမဲ့ ချန်ရှောင်းနဲ့ရှိတဲ့အချိန်တော့ မွန်းကျပ်စရာတွေနဲ့ ဝေးနိုင်သမျှဝေးအောင် လုပ်ပေးချင်တယ်...
အဲ့ဒါ ရိပေါ်ရှေ့ ပထမဆုံးရောက်ခဲ့တဲ့ ညကတည်းက ဖြစ်တည်ခဲ့တဲ့စိတ်ပါပဲ...

ချန်ရှောင်းက စစ်မှန်လို့ထင်ပါရဲ့...
ရိပေါ်က သူမကို တကယ်ခင်ပေးရှာတယ်...

.
.

( ကော ... ​ရှောင်းကျန့်... ကျွန်တော့်ကို တစ်ပတ်ပဲ အချိန်ပေးလေ..နော်.. ဒါ နောက်ဆုံးတောင်းဆိုတာ ပြီးရင် လုံးဝဝေးကြမယ်ဆိုလဲ ရတယ်.. ကောပြောသလို ညီအစ်ကိုတွေလိုနေကြမယ်ဆိုလဲရတယ်.. ရတာ​တော့မဟုတ်ဘူး ရအောင်ကြိုးစားမယ်လေ.. )

( တစ်ပတ်ပဲ ကျွန်တော်တို့ ငယ်ငယ်ကလို ပြန်နေရအောင်လို့ .. နောက်နှစ်ပတ်ဆို ကျွန်တော့် ပြိုင်ပွဲစတော့မှာ ကောကို တစ်ခေါက်လောက်ပဲဖြစ်ဖြစ်လိုက်ကြည့်စေချင်လို့.. သဘောတူတယ်ဆို ဒီတစ်ပတ် သောကြာနေ့ ငယ်ငယ်တုန်းက ကောအိမ်နဲ့ ကျွန်တော့်အိမ်ကြားထဲက လမ်းထိပ်မှာစောင့်နေမယ် လာတဲ့ထိ.. ဒီရက်တွေထဲ စဉ်းစား​ပေး​နော်.. )

Dilemma Mania Tempat cerita menjadi hidup. Temukan sekarang