Bright တယောက် ဆရာဝန်လေးကို သွားတွေ့ဖို့ကို ရှက်နေတာနဲ့ ရက်တေက ကြာနေပီမို့ ဒီနေ့တော့ တွေ့ဖြစ်အောင်တွေ့မယ်လို့ တွေးကာ ကားဖြင့် ထွက်ခဲ့လိုက်တော့တယ်...
သူအဖြေတောင်းရမယ်လေ.... သူ ဆရာဝန်လေး winကို တအားချစ်နေမိတာ မတွေဖြတဲ့ ရက်တေမှာ သိသာတော့တာပဲ...
သူဆေးရုံလေးရှေ့ ကားထိုးရပ်လိုက်ပြီး ဆရာဝန်လေးရှိရာ သူလာလိုက်တယ်....
စားပွဲမှာ ကုတ်ကုတ်နဲ့ဘာတွေရေးနေလဲမသိ မျက်မှန်လေးကလဲ တပ်ထားသေးတယ်...
တကယ့်ချစ်စရာလေး....
"အဟမ်း....ဆရာ..ကျနော် ခေါင်းအရမ်းကိုက်နေလို့ဗျ...''
"ဟုတ်ကဲ့.. ခနလေးနော် ''ဆိုကာ စာဆက်ရေးနေတဲ့ ကောင်လေးကို သူ အသဲယားလိုက်တာ....
"ဒီဖက် ကြွပါဗျာ....ဟမ် သခင်လေး.....''
မော့ကြည့်လာပြီးမှ သူ့ကိုတွေ့တော့ တောက်ပတဲ့အပြုံးတစုံနဲ့ သူ့ကို အလှပဆုံး ပြုံးပြတော့တယ်.....
ဒီကောင်လေးဟာ သူ့ကို ဘာလို့ ဒီလောက်ဆွဲဆောင်နိုင်ရတာလဲ....
"ကိုယ် မင်းဆီလာတာနောက်ကျသွားလား?ကိုယ် နဲနဲစိုးရိမ်လို့ပါ....''
သူ အရင်ဆုံးတောင်ပန်လိုက်မိတယ်....
"ဟင့်အင်း..နောက်မကျပါဘူး ကျနော်လဲ ဂျူတီပီးတော့မှာ ထမင်းလိုက်ကျွေးမယ်လေ ခနစောင့်နော် ''ဆိုကာ သူ့ပစ္စည်းတွေ ကောက်သိမ်းနေတယ်...
"ပြီးပြီ သွားစို့ သခင်လေး သိတဲ့ ဆိုင်ကောင်းကောင်းသာခေါ်သွားပေးနော်...''
Win ရင်တွေ အရမ်းရင်တေခုန်နေတာ....
ဟိုနေ့က သူတို့နှယောက်က မိတ်ဆွေတွေထက် ပိုရင်းနှီးခဲ့ကြတာလေ....
အခုကျ သူကြီးတယောက်က တအားရိုးသလိုနဲ့...
ဟိုနေ့ကများ အချစ် အချစ်လေးနဲ့ တအားကဲတာ...Brightတယောက် သူ့အဒေိါတယောက်ဖွင့်ထားတဲ့ ဒေသအစားအသောက်တွေရောင်းတဲ့ဆိုင်ကိုခေါ်ချလာလိုက်တယ်..
ဝါးတဲတွေနဲ့ ဆောက်ထားပြီး ဝါးပင်တွေအပြည့်နဲ့ တောအုပ်လေးသဏ္ဍန်ရှိတဲ့ဆိုင်လေးပေါ့...
![](https://img.wattpad.com/cover/216551797-288-k999384.jpg)
YOU ARE READING
After.....Just After.......
Любовные романыငါဟာ ခက်ထန်တယ် ကြမ်းတမ်းတယ် ဒါပေမဲ့ မင်းနဲ့ပတ်သတ်ရင် အလိုလို နူးညံ့လာတော့တယ်.....bright နယ်မြို့လေးမှာ တာဝန်ကျတဲ့ ကျနော်ဆရာဝန်ပေါက်စလေးဟာ.... သူ....သူ့ကြောင့် ဘဝကြီး ပြောင်းလဲသွားပြီ.....win #Unicode ငါဟာ ခက်ထန်တယ် ကြမ်းတမ်းတယ် ဒါပေမဲ့ မင်းနဲ့ပတ်သတ်...