"ကိုယ်....ဘလိုဖြစ်လို့ ပြန်ရောက်လာတာလဲ?''
Brayစိတ်ထဲမှာ တမျိုးကြီးဖြစ်သွားတယ်....
သြော် ညီနဲ့ ဆရာဝန်လေးက ကြိုက်သွားကြပီနေမှာ...
ဒါကြောင့်လဲ အစောကတွေ့ပြီးပြန်လာတာနေမှာ..."အင်....ကိုယ် ချစ်ကို လွမ်းလို့ ရောက်ချလာတာ...''
"ဟွန်း...ပိုပြီ အစောကပဲ တွေ့ပီ ပြန်သွားတာကို ''
"ဘလိုဖြစ်ဖြစ် ကိုယ်လွမ်းလို့ပါ အရမ်းကို သတိရတယ်''ဆိုပြီး ဖက်ဖို့ ဟန်ပြင်လိုက်တယ်....
"ဟာ...သူများတွေရှိတယ်လေ.....ကိုယ်ကလဲ တနေ့လုံးလဲ အတူရှိပြီးပြီ ဒါတောင်လွမ်းနေတုန်းလား... လာ ခြံထဲက ဒန်းနားသွားမယ်...''
သူ့လက်ကို ဆွဲကာ အဆောင်ပြင်ခေါ်ထုတ်လာတယ်...
ညနေစောင်းပီး မိုးချုပ်စပြုနေပီ....
ဒန်းပေါ်ထိုင်လိုက်တာနဲ့ သူ အချစ်လေးကို ဖက်ထားလိုက်တော့တယ်...
ကိုယ့်ညီရဲ့ချစ်သူကို သူပစ်မှားသလိုဖြစ်နေပေမဲ့ သူမတတ်နိုင်ဘူး...မတားဆီးချင်ဘူး...ဘာလို့ဆို ညီထက်မပိုမပိုတောင် ညီ့ထက်မလျော့တဲ့အချစ်တွေနဲ့ သူ ချစ်နေလို့ပဲ....
"ကိုယ်ရာ....ပိုလိုက် ချွဲလိုက်တာ...''
"မပိုပါဘူး....ချစ်တာ ကိုယ် အချစ်လေးကို အရမ်းချစ်တာ ''
သူပြောပြီးတာနဲ့ သူ့ချစ်ရတဲ့ကောင်လေးရဲ့ နုတ်ခမ်းထွေးထွေးလေးကို စုပ်ယူနမ်းလိုက်တော့....
ချစ်ရဲ့တဲ့ကောင်လေးဟာ အစက ရုန်းနေသေးတယ် နောက်မှ သူ့ကို တုံ့ပြန်နမ်းလေတော့တယ်...
ဒီကောင်လေးကို သူလွှတ်ထွက်မသွားရဲလောက်အောင် တင်းကြပ်စွာ ပွေ့ဖက်ပီး အငမ်းမရနမ်းနေမိတော့တယ်...
"ကိုယ်.....အသက်ရှူကြပ်တယ်... အရမ်းပဲ ကြမ်းတမ်းလိုက်တာ....''
သူ့ကို အားယူကာ တွန်းထုတ်လိုက်ကာ အမောတကောနဲ့ ဆူတော့တယ်....
သူပြုံးလိုက်ကာ ပါးလေးအား လိမ်ဆွဲလိုက်ပြီး ''ဆေားရီး ချစ်လေး ''လို့ပြောလိုက်ကာ ခနအကြာ နုတ်ဆက်ပီးပြန်ခဲ့လိုက်တော့တယ်...
YOU ARE READING
After.....Just After.......
Romanceငါဟာ ခက်ထန်တယ် ကြမ်းတမ်းတယ် ဒါပေမဲ့ မင်းနဲ့ပတ်သတ်ရင် အလိုလို နူးညံ့လာတော့တယ်.....bright နယ်မြို့လေးမှာ တာဝန်ကျတဲ့ ကျနော်ဆရာဝန်ပေါက်စလေးဟာ.... သူ....သူ့ကြောင့် ဘဝကြီး ပြောင်းလဲသွားပြီ.....win #Unicode ငါဟာ ခက်ထန်တယ် ကြမ်းတမ်းတယ် ဒါပေမဲ့ မင်းနဲ့ပတ်သတ်...