Win မနေ့က သူနဲ့ P'brightရဲ့အခြေနေကို ပြန်တွေးကြည့်နေမိတယ်....
မနေ့က သူ့ကိုနမ်းတဲ့အနမ်းတွေဟာ အရမ်းချိုမြလွန်းတယ်...
အခုလဲ သူတို့dateဖို့ ချိန်ထားတယ်...
Winရှက်သလိုလိုခံစားရပေမဲ့ ရင်ခုန်တာက ရာနှုန်းများနေတော့ စိတ်တွေလဲ လှုပ်ရှားနေတယ်....
သူ ရုတ်တရက်ကြီး p'ကိုချစ်မိသွားတာ ဘာကြောင့်လဲ?သူမတွေးတတ်ပေမဲ့ သူ အရမ်းချစ်မိသွားတာတော့ သေချာတယ်...
"ဒေါက် ဒေါက်.....''
"ဝင်ခဲ့ပါ.....''
အပြင်မှ တံခါးခေါက်သံကြောင့် သူ အဝတ်စားလဲနေရာမှ ထူးလိုက်တယ်....
"ဟင်....P'bright ''
Winအံ့သြသွားရတော့တယ်....သူ့အဆောင်အခန်းသို့ ရောက်ချလာတဲ့ p'ကြောင့်ပေါ့....
"ဘလိုလုပ် ရောက်ချလာတာလဲ ကျနော် ခနနေဆင်းလာတော့မို့ကို.....''
"ကိုယ် အရမ်းလွမ်းနေတော့ မစောင့်နိုင်တော့လို့ပါ ငယ်ရဲ့....''
ငယ်တဲ့လား? !??
"ဟုတ်တယ် ကိုယ်ညက အိပ်တောင်မပျော်ဘူး...ငယ့်ဆီ ညဘက်လာချင်နေတာ မနဲအောင့်အီးထားရတယ်''ဆိုကာ သူ့အနားကပ်လာကာ ဖက်ထားတော့တယ်....
Winလဲ ပြန်ဖက်ထားရင်း ''ငယ်လဲ လွမ်းပါတယ်..ကိုယ် ဘာစားပြီးပြီလဲ''လို့ မေးလိုက်မိတယ်...
သူ့ဖက်က ကိုယ့်ကို ပြောင်းလဲခေါ်ဝေယ်ကာ ချစ်ကြောင်းပြတော့ ကိုယ့်ဖက်က အလိုက်ထိုက်ရှိရမှာပေါ့နော်....
သူ့ကို ဖြေလွှတ်ပေးရင်း ပါးကိုတချက်မွှေးတယ်..ပြီးတော့ လည်တိုင်ကိုမွှေးတယ်....
သူယားလာ၍တွန်းထုတ်မိတယ်...
"ကိုယ် ယားတယ် မလုပ်ပါနဲ့....ဘာစားပြီးပြီလဲလို့ ''ဆိုမှ ရယ်ကာ
"မစားရသေးဘူး..ပြီးမှ အတူတူစားစို့လေ .....ဒါနဲ့လေ ငယ့်ကိုယအလေးက မွှေးနေတာပဲထပ်နမ်းချင်တယ်''ဆိုကာ အနားကပ်လာတယ်....
"ဟွီး....ကိုယ် တော်ပီလို့...သွားမယ်...ငယ့်ကို ဘယ်ခေါ်သွားမှာလဲပြော.....''
![](https://img.wattpad.com/cover/216551797-288-k999384.jpg)
YOU ARE READING
After.....Just After.......
Romanceငါဟာ ခက်ထန်တယ် ကြမ်းတမ်းတယ် ဒါပေမဲ့ မင်းနဲ့ပတ်သတ်ရင် အလိုလို နူးညံ့လာတော့တယ်.....bright နယ်မြို့လေးမှာ တာဝန်ကျတဲ့ ကျနော်ဆရာဝန်ပေါက်စလေးဟာ.... သူ....သူ့ကြောင့် ဘဝကြီး ပြောင်းလဲသွားပြီ.....win #Unicode ငါဟာ ခက်ထန်တယ် ကြမ်းတမ်းတယ် ဒါပေမဲ့ မင်းနဲ့ပတ်သတ်...