ep.9

4.1K 357 6
                                    

Zawgyi

Accident Love
(အပိုင်း.၉)

ရိပေါ်ဧည့်ခန်းထဲ ဟိုဘက်လျှောက်လိုက်
ဒီဘက်လျှောက်လိုက်နဲ့  ယွမ်ရှု မျက်စိတွေ လည်းနောက်နေပြီ ဘာဖြစ်ချင်တာလဲ မပြော မေးမရလို့
ထိုင်ကြည့်နေရတယ်...

"အကိုယွမ်ရှု ရိပေါ်ကို အကိုရှီချန်း ဘယ်မှာရှိလဲ မေးပေး..''

"ဒီနေ့သူလည်းနားရက်ပဲလေ သူလည်းနားနေမှာပေါ့...''

"အခုဘယ်မှာလဲမေးပေး...''

"ကောင်းပီ ကောင်းပီ ခနစောင့်..''

ကိုယ်တိုင်မေးလည်းရရဲ့သားနဲ့ ဘာဖြစ်နေမှန်းကို မသိတာ

"Royal golden မှာ ညစာစားနေတယ်တဲ့...''

"ဒါဆိုသွားပီ..''

"အကိုလိုက်ပို့မယ်လေ..''

ရိပေါ်က လက်ကာပြပီး ထွက်သွားနှင့်ပြီ
ဒီဟာလေး ဘာဖြစ်နေမှန်းကို မသိတာ

~~~~~~~~~~~~~~~~~~

မင်းသားရှီချန်းနှင့် ညစာစားရမယ်လို့...တကယ်ကို မထင်မိ အိပ်မက်မက်နေသလို...အကြောင်းရှိလို့
များလား...ရိပေါ်နားက ထွက်သွားလို့ပြောမလို့ များလား..

"ကျနော့်ကို အခုလိုခေါ်တာ ပြောစရာရှိလို့လား.အကို..''

"မရှိပါဘူး ညီလေး..ဒီတိုင်း ညစာကျွေးချင်ယုံပါ..စားလို့ကောင်းရဲ့လား..နောက်ထပ်ဘာစားချင်သေးလဲ..''

"ဟော ရိပေါ်.အကို့်ဆီလာတာလား လာထိုင်လေ..''

သူနဲ့ စကား​ပြောနေရင်း သူ့နောက်ကို ​ကျော်ကြည့်ပြီး..ရှီချန်းပြောလိုက်တဲ့ စကားကြောင့် ရှောငိကျန့်လှည့်ကြည့်မိတော့ မယောင်မလည်နဲ့ ဟိုလျှောက် ဒီလျှောက်လုပ်နေတဲ့ ရိပေါ်က ခုမှမြင်သလိုနဲ့ ဝင်ထိုင်တယ်..
.
"ဒီလိုပဲ တခုခုစားရကောင်းမလား ထွက်လာတာ..'' ရိပေါ်က ခပ်တည်တည်ပဲ အဖြေပြီး ရှောင်ကျန့်ကို
မျက်လုံးစွေ ကြညိ့တယိ...

"ညီ မှာလေ ဘာစားမလဲ..''..ရှီချန်းက အပြုံးလေးနဲ့ ပြောလာတယ်..

"တော်ပီ  ice.coffee ပူပူလေးပေး.''

"ညီ ဘာတေပြောနေတာလဲ.''

"အော် ကော်ဖီပူပူလေးလို့ပြောတာ..''

Accident Love (Complete)Donde viven las historias. Descúbrelo ahora