ep.21

3.8K 345 34
                                    

Zawgyi

Accident Love
(အပိုင်း.၂၁)

ရှီချန်းတစ်ယောက် သူ့ရင်ခွင်ထဲလာ
ပီး စိတ်မကောင်းဖြစ်နေတဲ့ အချွဲလေးကို
ခေါင်းလေးပွတ်ပီး နှစ်သိမ့်ပေးနေမိတယ်...

"ရိပေါ်ဘာလုပ်ရမလဲအကို ...အကိုယွမ်ရှု ကိုအလုပိထုတ်ရမှာလဲ စိတ်မကောင်းဘူး...သူရှိနေရင် ယုန်ပေါက်ကျနော့်ဆီ ပြန်လာမနေမှာလည်းစိုးတယ်...သူ့အသက်ကိုရန်ရှာဖူးတဲ့သူနဲ့ တအိမ်ရဲနေဖို့
ယုန်ပေါက်လည်းကြောက်နေမှာပဲလေ''

"ညီရယ် ယွမ်ရှု ကိုတော့ အလုပ်မထုတ်ပါနဲ့ သူ့တစ်ဘဝလုံး ညီ့အတွက်ပေးဆပ်ထားတာ အာ့လိုသာလုပ်လိုက်ရင်...သူအရမ်းခံစားရမှာ ဘာလို့ဆို သူကညီ့ကို ချစ်နေတာလေ''

"ဗျာ..''

"ရှောင်ကျန့်ကတောင် ခွင့်လွှတ်ပေးလိုက်ပြီပဲ ညီလည်းသိပ်မတွေးနဲ့တော့ နော်''

"ဟုတ်''

"ကဲ   စိတိအပြောင်းလဲ ဖြစ်သွားအောင်...ညီသိပ်တွေ့ချင်နေတဲ့
The Sun Fashion က designer
နဲ့တွေ့ဖို့ ၁၀နာရီမှာ ချိန်းထားတယ်.လို့ယွမ်ရှုက ဖုန်းဆက်ပြောထားတယ်..သွားတွေ့လိုက်အုံး..''

"ဟာ..ဘယ်လို''

"ဟုတ်တယ် The Sun Fashion က
ညီကို သူ့တို့နဲ့ လက်တွဲလုပ်ဖို့ ကမ်းလှမ်း
ထားတယ်...သဘောတူရင် စာချုပ်မှာ
လက်မှတ်ထိုးခဲ့ ဟုတ်ပီလား''

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သူဟာ ကောင်းကင်ကြီးပဲ ဒါပေမယ့်
ဘယ်တော့မှ ပြိုကျလာမှာ
မဟုတ်ဖူး......အဲတော့....
ကျနော်ကပဲ တိုးဝင်ရမှာ...

××××××

ကျနော့်ကောင်းကင်ကြီး ရငိခွင်ထဲ ပြိုကျလာဖို့ ခြေလှမ်းသုံးလှမ်းအလို

တစ်...

နှစ်...

သုံး

တံခါးလေးဖွင့်ဝင်လာတဲ့ ကျနော့ ကောင်းကင်လေးက...စားပွဲထိပ်မှာ ထိုင်နေတဲ့ ကျနော့ကို မြင်တော့ တအံ့တသြ ဖြစ်သွားရှာတယ်...
အခန်းထဲလူတွေနဲ့မို့ ဟန်ဆောင်ထိန်းချုပ်နေတာ သူ့မျက်နှာ
ပေါ်မှာ အထင်းသား...အံ့သြနေတဲ့...နဂျီကောင်လေးရဲ့ မျက်နှာကို ရှောင်ကျန့် အရသာခံကြည့်နေလိုက်တယ်...

Accident Love (Complete)Dove le storie prendono vita. Scoprilo ora