ep.20

3.6K 333 43
                                    

Zawgyi

Accident Love
(အပိုင်း.၂၀)

ထိုင်းFM ပီးတည်းက ရိပေါ်ပွဲရှိတာနဲ့ confirm ပီးမကြာခင် ဝတ်စုံလေးတွေ
ရောက်လာတတ်တယ် ဘယ်သူပို့နေတာလဲ မသိရ...ဝတ်စုံတွေက သူတက်မယိ့ပွဲအလိုက် ဒီဇိုင်းကလိုက်ဖက်နေတာမို့...ရောက်လာတဲ့ ဝတ်စုံလေးတွေပဲ ဝတ်နေမိတယ်...အကိုယွမ်ရှု ကလည်း
ထောက်ခံတယ်လေ...ရိပေါ်နဲ့တကယ်လိုက်တယ်တဲ့...

"ရိပေါ် ဒီမှာကြညိ့ပါအုံး...The Sun fashion ကထုတ်တဲ့ ဝတ်စုံတွေ...
ရိပေါ်ဆီရောက်လာတဲ့ ဝတ်စုံတွေနဲ့ တူမနေဘူးလား...နောက်ထုတ်မယိ့...
fashion ကအစတူနေတယ်...
နောက်ဆိုပို့လာတာတွေ ဝတ်လို့ရပါ့မလား..ပြဿနာတက်မှာစိုးရတယ်...''
ယွမ်ရှု ပြလာတဲ့ပုံတွေကြညိ့ပြီး ရိပေါ်လည်း လန့်သွားတယ်...

"ဟုတ်တယ်နော်အကို ...ဝတ်လို့မဖြစ်လောက်တော့်ဖူးထင်တယ်...
ရိပေါ် ကိုယ်ပိုင်ဒီဇိုင်နာ ခေါ်ရကောင်းမလား''

ယွမ်ရှု ကခေါင်းညိမ့်ထောက်ခံတယ်...

"ရိပေါ်...ခုတက်မယ့်ပွဲတွက် ဝတ်စုံရောက်လာအုံးမလားပဲနော်...ရောက်လာရင်ဝတ်မှာလား...''

ရိပေါ် မတွေးတတ်တော့ ဝတ်စုံလေး
ရောက်လာဖို့်မျှော်နေမိတာတော့ အမှန်ပါ...ဘယ်လိုဒီဇိုင်းမျိုး ဖြစ်နေမလဲကိုလဲ ရင်ခုန်ပါတယ်...သူဝတ်ပီးရင် The Sun fashion ကရောဒီဇိုင်တူထွက်လာအုံးမှာလား...
ထပ်ပီးတူနေအုံးမလား သိချင်မိပါရဲ့...

ဝတ်စုံလေးကတော့ သစ္စာ ရှိစွာရောက်လာခဲ့တာပါပဲ...သူလည်းဒါ
နောက်ဆုံးလို့ ကိုယ့်ကိုကိုယ်ဆင်ခြေပေးပြီး...ဝတ်မိတုန်းပါပဲ...The Sun fashion ကလည်း ဘာပြဿနာမှမရှာပဲ...မသိချင်ယောင်
ဆောင်တုန်းပါပဲ...တနေ့တော့ The Sun fashionက ဒီဇိုင်နာနဲ့ တွေ့အုံးမယ်လို့ ဆုံးဖြတ်ထားတယ်။

~~~~~~~~~~~~~~~~~

ထုံးစံအတိုင်း ရိပေါ်ပွဲမှာ ရှောင်ကျန့်နဲ့ စစ်ကျွေး ​ရှေ့ဆုံးက အား​ပေးနေတာ၊ေ ရိပေါ်ခုန်ပေါက်ကလိုက်တိုင်း သူတို့ပါ
လိုက်ပီးခုန်ပေါက်မိတဲ့ထိ စိတ်လွတ်ကိုယ်လွတ် ကဲနေမိတာ...
ရှောင်ကျန့် မျက်နှာဖုံးကြိုးစီးနီနီလေးကို
တယောက်ယောက်က ဆွဲနေတယ်ထင်လို့ လှည်ကြည့်မိတော့
ချစ်စရာကလေးလေး...အနီရောင်လေးက ကလေးမျက်လုံးထဲ ထင်းနေတယ်ထင်... ကလေးမေမေကလည်း...ရိပေါ်ကို အားပေးနေတာများ...ကလေးလေး ဆော့နေတာလည်းသတိမထားမိ...ကလေးကချစ်စရာလေးမို့ ရှောင်ကျန့်လည်း
မပြောတော့ပဲ...ရိပေါ်ဆီအာရုံပြန်ပို့ထား
လိုက်တယ်...

Accident Love (Complete)Where stories live. Discover now