ep.22

6.5K 389 26
                                    

Zawgyi

Accident Love
ဇာတ်သိမ်းပိုင်း

"ယုန်ပေါက် ကိုယ်နဲ့ ခရီးတစ်ခု ထွက်ရအောင်''

ရှောင်ကျန့်ဆံပင်လေးတွေကို သပ်တင်ပေးရင်း မေးလာသူ

"ရိပေါ်က ဘယ်သွားချင်လို့လဲ''
ရိပေါ်က ရှောင်ကျန့်နား တိုးတိုးလေး ကပ်ပြောလိုက်တယ်...

ရှောင်ကျန့်က ရိပေါ်စကားကြားပီး  ထခုန်မတတ်ပျော်သွားတယ်...

(နှစ်ယောက်ထဲရှိတာ တိုးတိုးကပ်ပြောတယ်ဆိုတော့ ကိုယ်တွေ မကြားစေချင်တာ)

"တကယ်...''

"အင်း''......ရိပေါ်ကခေါင်းညိမ့်ပြတယ်

"တကယ်ပြောတာနော်''
ရှောင်ကျန့်က မယုံသလိုထပ်မေးပြန်တယ်...

"အော်....တကယ်ပါဆို''

ရှောင်ကျန့်ကထခုန်တယ်...(.အေး...လုပ်ထား..
လုပ်ထား)

"ပီးရော...ပီးရော...ပျော်လိုက်တာ...မွ.''
ရိပေါ်နဖူးလေးကို အနမ်းပေးလိုက်တယ်။

"ဒီလောက်ပဲလား.''...ဆိုပီး...ရိပေါ်က နှုတ်ခမ်း တတောင်လောက် စူထားတယ်...kissတောင်းနေတဲ့ ကလေးပုစိပါ...

ရှောင်ကျန့်က နှာဖျားလေးကို လက်ကလေးနဲ့ ပွတ်ပီးပြုံးနေတယ်...
ဒါသူရှက်ရင်လုပ်နေကြ အပြုမှုလေး..
ပီးတော့မှ ဆုံးဖြတ်ချက်ချ လိုက်ဟန်နဲ့ မျက်လုံး
လေးမှိတ်ပီး ရှေ့တိုးလိုက်တယ်...
မျက်လုံးလေးမှိတ် နေရာပြင်ပီး အကျအနထိုင်စောငိ့နေလိုက်တယ်...

မျက်လုံးမှိတ်ပြီး ရိပေါ်လာနမ်းဖို့ စောင့်နေတဲ့ ရှောင်ကျန့်နဲ့...
နှုတ်ခမ်းလေးစူ မျက်လုံးလေးမှိတ်ပြီး ရှောင်ကျန့်လာနမ်းဖို့ စောင့်နေတဲ့ ရိပေါ်
တို့နှစ်ယောက်.. ငါးမိနစ်လောက်ကြာတဲ့ထိ ဒီတိုင်းပဲရှင့်...😁😁😁

စောင့်နေရင်း ကြာလာတော့ ရိပေါ်လာမနမ်းရကောင်းလားဆိုပီး..ရှောင်ကျန့်က စိတ်ဆိုးသွားတယ်..

နှုတ်ခမ်းစူပီး စောင့်နေရတာ...ကြာတော့ ညောင်းလာလို့...ရှောင်ကျန့်အနမ်းမပေးလို့ဆိုပီး ရိပေါ်ကောက်ပီလေ...
လေယာဉ်ပေါ်ရောက်တဲ့ထိ...ခရီးစဉ်
တစ်လျောက်လုံးကော တစ်ယောက်နဲ့
တစ်ယောက်စကားမပြောကြဘူး...

Accident Love (Complete)Where stories live. Discover now