ep.18

3.3K 315 26
                                    

Zawgyi

Accident Love
(အပိုင်း.၁၈)

"ရှောင်ကျန့်..မင်းလည်းစိတ်တညိငြိမ်လောက်ပီထင်ပါတယ်...မင်းအကြောင်းငါတို့ပြောပြအုံးလေ''

ဝမ်နင်ရဲ့စကားကို စစ်ကျွေးကပါ ခေါင်းညိမ့်ထောက်ခံတယ်...

"မင်းတို့တွေ့လိုက်တဲ့..ငါ့ကိုရေထဲပစ်ချတဲ့သူက...ရိပေါ်မန်နေဂျာပဲ...ငါကသူ့လက်ထောက်..ငါ့အကြောင်းက ဒီလောက်ပါပဲ...သူဘာလို့ ငါ့ကို ဒီလိုလုပ်လဲ ငါတကယ်မသိဘူး...ငါ့အတွက်လုံခြုံမှုမရှိတဲ့
အဲ့နေရာကို...ပြန်လွှတ်ချင်သေးလား...?

"မဟုတ်တာကွာ..မင်းဒီမှာကြိုက်သလောက်နေလို့ရတယ်...တသက်လုံးဆိုလည်း ငါကပျော်ပျော်ကြီးခေါ်ထားမှာပဲ..''
ဝမ်နင်စကားကြားတော့ စစ်ကျွေးကပြုံးတယ်...

"ကျေးဇူးပါကွာ...ငါအခုချိန်အသိချင်ဆုံးက ရိပေါ်သတင်းပဲ...ဘာအနုပညာ လှုပ်ရှားမှု သတင်းမှမကြားရဘူး...ယုတ်စွအဆုံး
သူ့အကောင့်က updateလေးတခုတောင် မတွေ့ရဘူး
ငါစိတ်ပူနေပီ...သူ့သတင်းစုံစမ်းချင်တယ်...ကူညီကြပါကွာ.''

"စစ်ကျွေးမင်းက သူ့အကြောင်းဒီလောက်သိတာ...မင်းတောင်စုံစမ်းလို့မရဘူးလားကွာ''

"စိတ်မကောင်းပါဘူးအကို...ကျနော်ဘာမှစုံစမ်းမရဘူး''...စစ်ကျွေးလည်းစိတ်မကောင်းဖြစ်နေရှာတယ်...

"ဒါဆို...နောက်ဆုံးတခုပဲလုပ်ဖို့ ရှိတော့တယ်...စွန့်စားရတော့မှာပဲ...''
ရှောင်ကျနိ့က ဆုံးဖြတ်ချက်ချလိုက်ဟန်

~~~~~~~~~~~~~~~~~

ရိပေါ်အိမ်က ထမင်းချက်တဲ့ ကြီးကြီး ဈေးဝယ်ထွက်အလာကို...စောင့်နေမိတယ်...
အိမ်ထဲကသတင်းကို သိနိုင်စရာဒီတခုပဲ
ကျန်တော့တယ်လေ...သူ့ကိုတွေ့ရင်...ရိပေါ်နဲ့ယွမ်ရှုကို ပြန်မပြောစေဖို့ဆုတောင်းရုံမှ တပါး...

"ကြီးကြီး..''

"ဟင်သားက...ရှောင်ကျန့်...ရှောင်ကျန့်
ဟုတ်တယ်မှတ်လားဟင်...သားမသေဘူးနော်...သားမသေဘူးဟုတ်လား''

"ဟုတ်ပါတယ် ကြီးကြီး...သားမသေပါဘူး''

"သားမသေတာသိရင် ရိပေါ်လေး ဘယ်လောက်တောင်ဝမ်းသာရှာမလဲ...သားသိရဲ့လား..ရိပေါ်လေးက သားကို
ဘယ်လောက်တောင်တမ်းတနေလဲဆိုတာ''

Accident Love (Complete)Where stories live. Discover now