Uni
ရှောင်းကျန့်ဆေးရုံး တက်နေတဲ့ တစ်လျှောက်လုံး တစ်ယောက်တစ်လှည့်စောင့်ပေးကြပေမယ့် ရိပေါ်ကတော့ ဆေးရုံမှာသာ ဒိုင်ခံ နေသည် သူတို့နှစ်ယောက်ရဲ့ အကြောင်းက်ိုလည်း ရှောင်းပါးနှင့်ရှောင်းမားကော ဝမ်ပါးပါ သိသွားကြသည် မိဘများက သဘောတူကြ၍ သူတို့ နှစ်ဦးမှာ အပျော်လွန်နေကြသည်
အခုဆိုရှောင်းကျန့်ဆေးရုံ ဆင်းပြီးတစ်ပတ်တောင်ရှ်ိပြီ"bunny "
"အင်း"
"bunny လို့"
"ပြောလေ ကိုယ့်ပေါက်စီလုံးလေးရဲ့"
"ပင်ပန်းလိုက်တာ ဒီနေ့ ရိုက်တဲ့ အခန်းက အရမ်း အားစိုက်ရတယ်သိလား"
"ဟုတ်လား နောက်ဆို action ကားတွေ မရိုက်နဲ့တော့ ကွာ အရမ်း ပင်ပန်းဟုတ်"
"အင်း ဟုတ်တယ် အာ့ကြောင့် အားသွင်းပေး"
"ဟင် ဘယ်လို သွင်းရမှာလဲလို့"
"အာ ထစမ်းပါ ထလို့ လူက ပင်ပန်းလာတာကို သူက အိပ်နေနိုင်တယ် "
"ကိုယ့် ပေါက်စီလုံးလေးကို စောင့်ရင်း ခဏလေး အိပ်ပျော်သွားတာပါကွာ
bunnyက လာကြိုချင်ပေမယ့် အလုပ်က အကြွေးတွေများနေလို့ လာမကြိုရတာပါ ဘယ်လိုအားသွင်း ပေးရမလဲပြော""ဟင့် ပြောမှ သိမှာလား"
"အာသိပြီ လာ ကိုယ့်ပေါ်လာထိုင် ကိုယ်က အားသွင်းပေးမယ်"
"အင့်"
ရိပေါ် ရှောင်းကျန့်ပေါ် တစ်ကိုယ်လုံးပစ်ထိုင်လိုက်သည် ရှောင်းကျန့်က
ရိပေါ်မျက်နှာလေးကို မော့ပြီး ရိပေါ် နဖူးကို ဖွဖွလေးနမ်းလိုက်သည် ပြီးတော့ ပါးနှစ်ဖက်ကို နမ်းပြီး ရိပေါ်နှာခေါင်းလုံးလုံး လေးကို သူ့နှာခေါင်းချွန်ချွန်လေးဖြင့် ဟိုဘက်ဒီဘက်ပွတ်ပေးနေသည် ရိပေါ်ကတော့ ရှောင်းကျန့် ခါးကို တင်းတင်းဖက်ပြီး ငြိမ်ငြိမ်လေးနေနေသည် ရှောင်းကျန့်က ရိပေါ် နှုတ်ခမ်းဖူးဖူးလေးက်ို ဖွဖွနမ်းလိုက်တော့ ရိပေါ်က အခြေအနေရှေ့ဆက်မတိုးခင်ရှောင်းကျန့်ပုခုံးပေါ် သူ့မေးလေးတင်ပြီး မှေးနေလိုက်သည် ရှောင်းကျန့်ကတော့ ရိပေါ်ခေါင်းလေးကို ပွတ်ပေးပြီး ရိပေါ်ဆံပင်တွေကို တစ်ရွှတ်ရွှတ်နမ်းနေသည်
YOU ARE READING
Rivalry(ယှဥ်ပြိုင်ဘက်)
Fanfiction[Unicode]ဝမျရိပေါျ မငျးက ငါ့ပွိုငျဘကျမဟုတျဘူး ငါ့ကိုလာမယှဉျနဲ့ Xiao Zhan ရှောငျးကနြ့ျ တဈနေ့နေ့တော့ မငျးအပွုံးတှေ ရှုံးဖို့ပွငျထားပါ Wang Yibo [Zawgyi]ဝမ်ရိပေါ် မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး ငါ့ကိုလာမယှဉ်နဲ့ ...