Uni
ရှောင်းကျန့်နှင့်ရိပေါ် တို့ကို ဟွိုက်ခွမ်းက ကျဲဖေးဖေး လက်ဖွဲ့ထားတဲ့ တိုက်ခန်းသို့လိုက်ပို့သည် သူတို့နှစ်ယောက်လည်း ခဏနားကြပြီး ညနေစောင်းတော့ ဆေးရုံသွားဖို့ပြင်ဆင်ကြသည် ဟွိုက်ခွမ်းက လာကြို၍ သူတ်ို့ ဆေးရုံသို့သွားကြသည်
ဆေးရုံရောက်တော့ ရိပေါ်က အနှီးထုပ်လေးကို ချီကြည့်ချင်တယ်ဆိုလို့ သာသာလေး ချီခိုင်းရသည် ကလေးလေးကလည်း အိပ်နေ၍ ငြိမ်နေသည်
ရောက်တည်းက ချီထားတာ နာရီ ဝက်လောက် လက်ပေါ်က မချကလေးကိုကြည့်လိုက် ပြုံးလိုက်ဖြင့်လုပ်နေသည် ရှောင်းကျန့်ကလည်းဘေးကနေ၍ ရိပေါ်ကို ကြည့်လိုက် ကလေးကိုကြည့်လိုက် တီးတိုး တီးတိုး စကားပြောလိုက်ဖြင့် လင်လင် နှစ်ယောက်တည်း တစ်ကမ္ဘာဖြစ်နေသည် ဟွိုက်ခွမ်းက ကလေးပြန်တောင်းတော့ မပေးကလေး မနိုးခင်အထိ ချီထားပါရစေတဲ့
ကလေးလေး သေးပေါက်ချပြီး နိုးလာမှ ကလေးကို သူ့အမေဘေး ချပေးလိုက်သည်
ကလေးအဖေ ဟွိုက်ခွမ်းထက် သည်းသည်းလှုပ်နေတဲ့ လင်လင်နှစ်ယောက်"ကော ကော သမီးလေးက ချစ်စရာလေးနော် ကပြားလေးဆိုတော့ ကြီးလာရင်ချောမှာ"
"ဟုတ်တယ် ကောရှီးချန် ကောသမီးလေး ကျွန်တော့်ကို ပေးပါလားဟင်"
"ဟ ပေးစရာလား လိုချင် ကိုယ့် ဟာကိုယ်မွေးပေါ့"
"ဟင့် ကောကလည်း"
ဟွိုက်ခွမ်း ထ်ိုသို့ပြောလ်ိုက်တော့ ရိပေါ် မျက်နှာလေး မဲ့ကျသွားသည် ရှောင်းကျန့်လည်း မျက်နှာ မကောင်း
"ကောပြောတာက အခြားကလေးရှာပြီး မွေးစားပါလားလ်ို့"
"ဟုတ်တယ် ကော အကြံ ကောင်းတယ်ကျွန်တော်တို့ ကလေးမွေးစားရမယ်"
"ဘယ်က ကလေး သွားမွေးစားရမှာလဲလို့ "
"မိဘမဲ့ ဂေဟာမှာ မွေးစားလို့ရတယ်ဆန္ဒရှိရင် ကောလိုက်ပို့ပေးမယ်"
"အင်း အင်း ကလေးလေး လိုချင်တယ် မနက်ဖြန်ပဲ လိုက်ပို့ပေး"
"ဟိုရောက်မှ မွေးစားကြရအောင်လား ဝမ်ငယ်ရယ်"
"ဟအင်း အခုပဲ အခုပဲ လိုချင်တာ ဟိုရောက်ရင် နောက်တစ်ယောက်မွေးစားမယ်"
YOU ARE READING
Rivalry(ယှဥ်ပြိုင်ဘက်)
Fanfiction[Unicode]ဝမျရိပေါျ မငျးက ငါ့ပွိုငျဘကျမဟုတျဘူး ငါ့ကိုလာမယှဉျနဲ့ Xiao Zhan ရှောငျးကနြ့ျ တဈနေ့နေ့တော့ မငျးအပွုံးတှေ ရှုံးဖို့ပွငျထားပါ Wang Yibo [Zawgyi]ဝမ်ရိပေါ် မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး ငါ့ကိုလာမယှဉ်နဲ့ ...