❤️(8)💚

6.8K 539 15
                                    

Uni

"ရိပေါ်  နိုင်ငံခြားထွက်သွားပြီ"

"ဟင် ဘယ်တုန်းကလဲ"

"မနေ့က ဆေးရုံက ဆင်းပြီးတာနဲ့ချက်ချင်းသွားတာ ငါတို့တောင် ဒီမနက်မှ သူ့အိမ်သွားမှ သိတာ "

"ရှောင်းကျန့် ရိပေါ်က တော်ရုံ ဆိုရင်တောင် စိတ်အားငယ်တတ်တာ မင်း လုပ်ရပ် က တော်တော်လွန်တယ် ရိပေါ်က ငါတို့ကို အရမ်း တွယ်တာ တာ ခုငါတို့ကိုတောင် အသိမပေးပဲ ထွက်သွားတာ သူ တော်တော်ရှက်သွားမှာ"

"ငါ မှားမှန်းသိပါပြီကွာ ငါ က သူ့ကို စချင်တဲ့ စိတ်ကကြီးစိုးပြီး သူ့ ဘက်ကို မတွေးပေးမိဘူး ငါ သူ့ကို တောင်းတောင်မတောင်းပန်ရသေးဘူး"

ထိုစဥ် ကျင့်ဖေးဖေး မျက်နှာနီကြီးဖြင့်ရောက်လာပြီး

"ရှောင်းးးကျန့် ငယ်အခု ငါတို့ဘေးက ထွက်သွားပြီ နင့်ကြောင့် ငယ်က သူ သတိရတာတောင် ဘယ်သူ့ကိုမှ အတွေ့မခံဘူး ခုဆေးရုံဆင်းတာ သတင်းပဲကြားပြီး အိမ်ထိလိုက်သွားတာတောင် မရှိတော့ဘူး နင့်ကြောင့် အားလုံး နင့်ကြောင့်"

"ကျွန်တော်တောင်းပန်ပါတယ် ကျဲ ကျွန်တော်က သူ့ကို စလိုက်မိတာပါ"

"နင် စတာလား သူ့ခံစားချက်တွေကို လူကြားထဲ လှောင်နေတာက စတာလား သူဘယ်လောက်ရှက်သွားမလဲ နည်းနည်းတောင် မတွေးမိဘူးလား ဟင့် ငယ် ဘယ်လောက်တောင် ရှက်ပြီး အားငယ်လိုက်မလဲ"

"တော်ပါတော့ မငိုပါနဲ့တော့ ကျဲရယ် ဝမ်ဝမ် က သူစိတ်ပြေရင် ကျွန်တော်တို့ကို အဆက်သွယ်လုပ်မှာပါ ကျွန်တော်တို့ကို သူ အရမ်းချစ်တာ ပစ်မထားလောက်ပါဘူး"

"ငါ အသုံးမကျတာ ငယ် အားငယ်နေချိန်တောင် အနားမှာ နေပြီး အားပေးဖော်မရဘူး "

"ကျဲကြောင့်မဟုတ်ပါဘူး ရိပေါ်က ကျွန်တော်တို့ အားလုံးကို အတွေ့မခံတာလေ သူစိတ်ကျေနပ်အောင်နေပေးလိုက်ရတာပဲ ကျဲစိတ်မကောင်းမဖြစ်ပါနဲ့"

"ကျန့်လည်း စိတ်မကောင်းမဖြစ်နဲ့ ရိပေါ်က သွေးပူတုန်း ရှက်သွားတာပါ သူ စိတ်ပြေရင် ပြန်လာမှာပါ စာမေးပွဲတော့လာဖြေမှာပေါ့"

Rivalry(ယှဥ်ပြိုင်ဘက်)Tahanan ng mga kuwento. Tumuklas ngayon